အမရာလည်း အစကဘာမှစိတ်မဝင်စားဘူးပြောပြီးမှ ခရစ္စတယ်ဆွဲကြိုးလေးတွေ၊ အရောင်တောက်တောက်အသွင်ဆန်းဆန်း လော့ကဒ်သီး လှလှလေးတွေကို မြင်တော့ ယူလီရာလေးအတွက် သတိရမိပြန်၏။
"ဟောဒီမှာ ဒါလေးကြည့်ပါအုံး မိုင်လေဒီရေ . ."
"ဒီလိုအရောင်လေးကတော့ စီညော်ရာတို့အရွယ်လေးတွေ ဝတ်ရင် အရမ်းကျက်သရေရှိမှာပါ.."
'ဒီလိုပစ္စည်းတွေကလည်း မင်္ဂလာဦးပစ္စည်းအနေနဲ့ ဝယ်ယူသင့်ပါတယ်"
စသည်ဖြင့် စျေးအရောင်းကောင်းတဲ့ ဦးလေးကို ကြည့်ကာ အဲလက်စ်က ဘာလာလာခေါင်းညှိမ့်နေတော့တာ. . .
နောက်ဆုံးမှာတော့ ဆိုင်ထဲမှ ယူရိုတစ်သောင်းကျော်ဖိုး ဝယ်ယူလာခဲ့ကြသည်။ ဆိုင်ရှင်ဦးလေးကြီးမှ ကျေးဇူးတင်စကား အထပ်ထပ်ပြောကာ အမရာ့အတွက် အပိုလက်ဆောင်ပဏာများစွာ ထည့်ပေးလိုက်သေးသည်။
Speed Boat ပေါ်ပြန်ရောက်တော့လည်း အမရာ့ကို သူ့ပေါင်ပေါ်ကမချ . . .
အမရာလည်း တမနက်လုံးတင်းခံလာသမျှ လှေပေါ်ရောက်မှ အသက်ကုန်လွှတ်လေတော့၏။
'အဲလက်စ်. . . ရှင် အခုဘာအချိုးချိုးတာလဲ'
"ဟင်. . .ဘာကိုပြောတာလဲ မောင့်သည်းလေးရဲ့"
'ကျွန်မကို အတင်းပွေ့ချီပြီး လူပုံအလယ်လျှောက်သွားနေတဲ့ကိစ္စလေ'
"သြော်. . . ဒါလား. . မင်းခြေထောက်တွေ နာမှာစိုးလို့ပါ"
'တော်ပါတော့ရှင် အလိမ်အညာတွေ မပြောနေပါနဲ့တော့ . . ကျွန်မအစတည်းကလမ်းလျှောက်နိုင်ပြီးသား။ ခြေထောက်ကလည်း တကယ်ဆိုအသားပေါက်မသွားဘူး. . နည်းနည်းယောင်သွားတာပဲရှိတာ
ရှင်ဘာတွေ ဒရမ်မာခင်းနေလဲသာ ကျွန်မမသိတာ'
"တော်လိုက်တာ မောင့်မိန်းမလို့ကို မပြောရဘူး. .
မောင့်ခြေလှမ်းတွေကို ကြိုသိနေတာပဲ
အင်းပါ. . . ဟုတ်ပါပြီ. . ညပွဲကျရင် မချီတော့ပါဘူးနော်"
အဲလက်စ်က သူမပါးအနီးသို့တိုးကပ်လာပြီး
"ဒီညပွဲကအရမ်းအရေးကြီးတယ် သိလား။ ပြီးတော့ အဲ့ဒီပွဲက မင်းရောမောင်ရော. . ဘယ်သူဘယ်ဝါမှန်းကို လူတွေသိလို့မဖြစ်တဲ့ပွဲ. ."
BẠN ĐANG ĐỌC
Beloved Amara (ချစ်သော အမရာ)
Lãng mạnငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
