အပိုင်း (၅၅) Berlin - နှလုံးသားထဲကကျည်ဆန် (Warning) 🚨

6.5K 160 22
                                        

"I dare you ရာရာ၊ မင်းမောင့်ကိုမုန်းလို့ ပစ် that မယ်ဆို မောင်အ thay ခံရဲတယ်"

အဲလက်စ်မျက်လုံးတွေက အမရာ့မျက်နှာကို မျက်တောင်မခတ်ဘဲ စွန်ရဲတစ်ကောင်လို စူးစူးစိုက်စိုက် ကြည့်နေလေသည်။

အမရာကတော့ မဝံ့မရဲဖြင့် အဲလက်စ်ကိုမော့ကြည့်လိုက် လက်ထဲကသေနတ်ကိုပြန်ကြည့်လိုက်နှင့် လက်တွေ တဆတ်ဆတ်တုန်ရင်နေမိသည်။ မတော်တဆ ကျည်ဆန်ထွက်သွားမှဖြင့် အခက်တွေ့ချေအုံးမည်။ လက်ထဲကသေနတ်ကလည်း ကျည်အပြည့်နှင့် လေးနင့်နေသည်မဟုတ်ပါလား။

အဲလက်စ်က ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးလေး ပြုံးရင်း

"မင်း မောင့်ကိုတကယ်မုန်းတယ်ဆို ဒီမှာတင် အဆုံးသတ်လိုက်တော့လေ"

သူ့အသံက ရင်ဘတ်ပေါ် သေနတ်ထောက်ခံထားရသော လူတစ်ယောက်နှင့်ပင် မတူအောင် တည်ငြိမ်လွန်းလှသည်။

အမရာ့မှာတော့ မျက်လုံး အဝိုင်းသားလေးနှင့် အသက်ကိုမနည်းခိုးရှုရင်း စိတ်တွေပို၍ မွန်းကြပ်လာခဲ့ပြီ။ အသက်တစ်ခါ ရှုထုတ်လိုက်တိုင်း ရှုလိုက်တိုင်း လက်ထဲကသေနတ်က တဖြည်းဖြည်းပိုလေးလာသလို ရင်တွေလည်း ပိုလေးလာမိ၏။

>>ကျွန်မခလုတ်ကို မနှိပ်ရက်ဘူးဖြစ်နေတယ်။

ကျွန်မအမြဲတမ်း ဒင်းကို thay စေချင်ခဲ့တာမဟုတ်ဘူးလား။

သူပေးခဲ့တဲ့ စိတ်ဒုက္ခတွေ၊ လူဒုက္ခတွေကို ပြန်စဉ်းစားလိုက်တိုင်း သူ့လက်ကလွတ်ရင် ကျွန်မဘဝလေး ဘယ်လောက်သာယာလိုက်မလဲလို့ တချိန်လုံး တွေးခဲ့ဖူးတာ မဟုတ်ဘူးလား။

အခု သိပ်လိုချင်နေတဲ့ အဲဒီ့အခွင့်အရေး ကျွန်မလက်ထဲကိုရောက်လာပြီလေ. .

ဘာလို့ တွေဝေနေရတာလဲ။

ဒါ. .. ကျွန်မတစ်ချိန်လုံးလိုချင်ခဲ့တဲ့ အရာမှတ်လား<<

'ဟင့်အင်း' (သူမအသံလေးက တိုးတိတ်ညင်သာစွာ သိမ်ဝင်လျက်)

အဲလက်စ်က အမရာ့လက်ပေါ်မှ အုပ်၍သေနတ်ကိုကိုင်ထားရာမှ သူမပါးပြင်လေးသို့ ပြောင်းကိုင်လိုက်ပြီး

'ဘာဖြစ်လို့လဲ'

"ရှင့်ကို that လိုက်တာဟာအဖြေမဟုတ်ဘူး"

Beloved Amara (ချစ်သော အမရာ)Donde viven las historias. Descúbrelo ahora