'ဟယ်. . . လှလိုက်တဲ့ ကျုးလစ်ဖြူတွေ'
ကျုးလစ်ဖြူတွေ တန်းစီပြီးစိုက်ပျိုးထားသော လွင်ပြင်ကျယ်ကြီးရှေ့သို့ အမရာရောက်နေပါသည်။ လေထဲမှာလည်း လတ်ဆတ်မွှေးပျံ့တဲ့ သစ်ရွက်သစ်ခက်တို့ရနံ့တွေက သင်းပျံ့လို့
Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.
အဲလက်စ်က သူမနံဘေးမှာ ဒူးတစ်ဖက်ကိုထောက်၍ထိုင်ချလိုက်ပါသည်။
"အမရာ. . . မောင့်အချစ်လေး"
အမရာက အဲလက်စ်ကို ငုံ့ကြည့်လိုက်စဉ် အဲလက်စ်ကသူ၏အိတ်ကပ်ထဲမှ ကတ္တီပါဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်လေသည်။
"မောင့်ကို လက်ထပ်ပါ"
အဲလက်စ်က ပြောရင်းနှင့်လက်ထဲက ဘူးကလေးကိုဖွင့်လိုက်တော့ အထဲမှာ စိန်လက်စွပ်ကလေး. .
(ထိုစိန်လက်စွပ်က သူတို့နှစ်ယောက် နော်ထရီဒမ် ဒလာဖရန့်စစ် ဘုရားကျောင်းမှာ လက်ထပ်ခဲ့ကြတုန်းက လက်စွပ်နှင့် ချွတ်စွပ်)
အမရာလည်း အဲလက်စ်၏ တည်တည်တံ့တံ့နှင့် လက်ထပ်ခွင့်တောင်းလာခြင်းအပေါ် ရှက်လည်းရှက်သလို ရင်တွေလည်း ခုန်မိပြန်သည်။ သူမမျက်နှာလေး ရှက်သွေးဖြာသွားသည်ကို သူမကိုယ်တိုင် သတိမထားမိချေ။
ပျော်တဲ့ခံစားချက်လည်းပါတာပေါ့။ မမျှော်လင့်ဘဲ ကိုယ်တောင်းတနေတဲ့ ဆန္ဒလေးတစ်ခု ပြည့်ဝသွားသလိုမျိုးပါ။
>>ကျွန်မ အိမ်မက်မက်နေတာလား<<
"တစ်ခုခုပြန်ဖြေအုံးလေ ရာရာရဲ့"
'အို. . . အဲ. .'
သူမ ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ခေါင်းတွေတဆတ်ဆတ်ညှိမ့်ကာ
'I do. .. . Yes, yes . . I do'
မျက်ရည်လေးတွေတောင် အလိုလိုမျက်ဝန်းထဲမှာ ဝဲတက်လာသည်အထိ. .
CZYTASZ
Beloved Amara (ချစ်သော အမရာ)
Romansငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
