အပိုင်း (၂၀) Divorce Guarantee!

3.4K 152 26
                                    

နောက်တစ်နေ့မနက် သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာရော၊ မီဒီယာတွေမှာပါ အသစ်စက်စက် လက်ထပ်လိုက်သော အလက်ဇန္ဒားဖရန့်စစ်တို့လင်မယား စလွယ်ဝင်ဖင်မမည်းခင် ကွဲကြတော့မည်ဟူသော ခေါင်းစဉ်ဖြင့် ထိပ်စီးသတင်းပါလာခဲ့ပါသည်။

Divorce Guarantee!

သတို့သားက သတို့သမီးကို မင်္ဂလာဦးညမှာ ပါးတစ်ချက်ရိုက်ပြီး အိပ်ခန်းထဲက ပြန်ထွက်သွားသည်ဟူသော ကိစ္စမှာ -

မနေ့က တစ်နေကုန် မင်္ဂလာဆောင်မှာဖြစ်ပျက်ခဲ့သမျှ အရာရာအားလုံး၏ အဆုံးသတ် အချိုပွဲလေးအဖြစ် နိဂုံးချုပ်လိုက်စေသည်။

အလက်ဇန္ဒားတို့ကွာရှင်းကြတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်ဟု အားလုံးက ယုံကြည်ထားကြသည်။

အလက်ဇန္ဒားအိပ်ရာက ထသည်နှင့် တင်မိုးသီးက မနက်ခင်းသတင်းစာလေးကို ပြုံးပြုံးကြီးယူလာပြလေသည်။

'ဘွန်ယူး မီလော့. . မီလော့အတွက် သတင်းကောင်းလေးတွေ ပါပါတယ်'

သတင်းစာကို အလက်ဇန္ဒားလက်ထဲ ထည့်ပေးလိုက်သည်။

"ဟာ. . ဟေ့ကောင်"

အလက်ဇန္ဒားမျက်လုံးပြူးသွားပြီးမှ သတင်းစာကိုဘေးချကာ သူ့နဖူးသူကိုင်လိုက်မိသည်။

'ဖြစ်ပြီပေါ့. . .ကျွန်တော့်ပြောစကားမှနားမထောင်တာ'

"ဖာခ့်. . . ဒါ. .. ငါ့ကိုယ်ရေးကိုယ်တာလေ. . သူတို့က ဘာလို့လိုက်နှောက်ယှက်နေကြတာလဲ"

'အရင်တုန်းက မီလော့ဘာလုပ်လုပ် အားလုံးကဘေးမဲ့ပေးထားပေမယ့် အခုကတော့ မီလော့က Duke ကြီးတစ်ယောက် ဖြစ်သွားပြီလေ. . . အဲ့တော့ ယခင်မြို့အုပ်မင်းဟောင်းရဲ့ လုပ်ငန်းတွေကလည်း မီလော့ရဲ့ လက်ထဲကို ရောက်လာတဲ့အခါ. .

သူတို့မျက်စေ့ကျလာပြီပေါ့'

"ချီးပဲကွာ. . .

အဲ့တာနဲ့ မနေ့က သူကဘာဖြစ်ရတာလဲ"

'အဲ့တာက တကယ်တော့ ကောင့်တက်စ်ဟေလ်းရဲ့လက်ချက်ပါ။ မဒမ်က တကယ်တော့ ဘာမှမသိရှာပါဘူး။ သူသခင်ကြီးကိုတမင်အရွဲ့တိုက်တာလည်း မဟုတ်ပါဘူး။'

Beloved Amara (ချစ်သော အမရာ)حيث تعيش القصص. اكتشف الآن