ခြံဝင်းထဲတွင် အာဒမ်ခေါ်ထားသော ကားများစွာရောက်နေပြီး ထိုကားများမှာ နာမည်ကျော် Branded ဖက်ရှင်ကုမ္ပဏီကြီးများမှ အမရာအတွက် အဝတ်အစားနှင့် လက်ဝတ်ရတနာ ဖိနပ်မျိုးစုံကို အိမ်တိုင်ရာရောက် လာ၍ပြသခြင်းဖြစ်ပေသည်။
မြေညီထပ်မှ ဟောခန်းမကျယ်ကြီးတွင် ဒီဇိုင်နာများ၊ အထည်တန်းများနှင့် ရှုပ်ရှပ်ခတ်နေကြသည်။ ခန်းမအလယ်တွင် အမရာနှင့် အာဒမ်တို့က ယှဉ်တွဲထိုင်နေကြပြီး ဒီဇိုင်နာများပြသနေသော အဝတ်တန်းများမှ အကျီၤများကို တစ်ထည်ပြီးတစ်ထည် ရွေးချယ်နေကြ၏။
နာတာရှာလည်း အမရာနှင့်မရှေးမနှောင်းပင် ပြန်သွားရှာလေသည်။
သောမတ်က ရဲတိုက်ရှေ့တွင်ရပ်လျှက် ကားထဲမှနာတာရှာကို လက်ပြကာနူတ်ဆက်ပြီးနောက် အတွင်းသို့ပြန်ဝင်လာခဲ့သည်။
သောမတ်က လှေကားဝိုင်းမှ ဖြည်းဖြည်းချင်းတက်လာပြီးနောက် ဆာဂျွန်နဿန်၏ အခန်းသို့ဝင်ရောက်သွားပါသည်။
"နာတာရှာပြန်သွားပါပြီ"
'အေးအေး. . . ကောင်းပြီသေချာနူတ်ဆက်လိုက်ရဲ့လား'
"ဟုတ်ကဲ့ နူတ်ဆက်လိုက်ပါတယ်အဖေ. . . ။
ဒါနဲ့ အမတ်လောင်းကိုတွေ့ဖို့ကိစ္စ သေချာရက်ချိန်းပြီးသွားပါပြီ"
'ဟေ. . .ကောင်းတယ်၊ သိပ်ကောင်းတယ်. . . အဲ့ဒီ့ကိစ္စ သိုသိုသိပ်သိပ်လုပ်။
သွားရင်လည်း ငါတို့ပဲ တိတ်တိတ်လေးသွားမယ်။ ကိုယ်ရံတော်တွေအများကြီး ခေါ်မသွားနဲ့ဘယ်သူမှမသိလေ ပိုကောင်းလေပဲ'
"ဟုတ်ကဲ့ပါအဖေ. . .သားအဲလိုပဲစီစဉ်လိုက်ပါ့မယ်"
'အေး ကောင်းပြီ'
"အဖေ. . .ဒါနဲ့လေ. .
ဘာဖြစ်လို့ အမရာ့ကို အာဒမ်နဲ့တွဲပြီး လွှတ်လိုက်ရတာလဲ. . ."
ဆာဂျွန်နဿန်က ဆေးပြင်းလိပ်ကိုခဲရင်း တည်တည်ငြိမ်ငြိမ်ပဲပြန်ဖြေလိုက်သည်။
'သား. . . . မင်းမြင်တဲ့အတိုင်းပဲလေ. .
အဖေက အသက်ကြီးပြီ၊ ပြီးတော့ အလုပ်လည်းများတယ်. . . သိတယ်မှတ်လား
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
