နှစ်ခြင်းခံခြင်းပြုလုပ်ပြီးနောက် ဆရာတော်နှင့်တကွ သူ၏နောက်လိုက်နောက်ပါများ ပြန်လည်ထွက်ခွာသွားကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြပါသည်။
အစီအစဉ်များအားလုံး ပြီးဆုံးသွားသည့်နောက်
ဆရာတော်ဖိလစ်က ဘိုးဘိုးလူသာနှင့် အမရာတို့ကို ဘုရားကျောင်း၏ မြေအောက်ခန်းသို့ ခေါ်ဆောင်သွားပါသည်။
ကြောင်လိန်အုတ်လှေကားလေးများနောက်မှ လိုက်ဆင်းသွားလျှင် အောက်ထပ်မြေအောက်ခန်းသို့ရောက်ရှိသွားပါသည်။
မြေအောက်ခန်းဟုဆိုသော်လည်း လုံးလုံးလျားလျား မြေအောက်ရောက်နေခြင်းမဟုတ်၊ အချို့နေရာများ၏ အပေါ်ထောင့်များတွင် စတုရန်းပုံ ပြတင်းပေါက်ငယ်လေးများရှိနေပြီး ထိုပြတင်းပေါက်တို့မှ နေအလင်းရောင်ကို ရရှိနေပါသည်။
အမရာတို့ရောက်ရှိသွားသောအခန်းမှာ ချာလီဖရန့်စ္စမြို့စားမင်းနှင့် မြို့စားကတော်တို့၏ ဂူသချိုင်းရှိရာ အခန်းဖြစ်ပါသည်။ ကျောက်ခေါင်းတလားတို့၏အပေါ်တွင် နတ်သားရုပ်ထု၄ခု စောင့်ရှောက်နေသဏ္ဍာန်ရှိသော ကျောက်ခေါင်မိုးတစ်ခု အုပ်မိုးထားပါသည်။
- ဤကျောက်တုံး၏အောက်၌ His Grace, Sir Louis XVII Charles Francis နှင့် သူ၏ဇနီးသည် မေဘယ်လ် ဖရန့်စ္စတို့ကို XXXX ခုနှစ်တွင် မြုပ်နှံထားခဲ့ပါသည်။
- ဘုရားသခင်၏ သားတော်သမီးတော်များမှန်း သိရှိပါစေ (The Lord Knoweth Them That Are His)
- မည်သူနဲ့မှမတူသော ချစ်ခြင်းကိုခံယူတော်မူထိုက်ကြပါစေ (Greater Love Hath No Man Than This)
- ခရစ်တော်၌ပြန်လည်ထမြောက်ပါစေ (In Christ Shall All Be Made Alive)
ဟူ၍စာများလည်း ထွင်းထုထားလေသည်။
အပေါ်ထောင့်မှ ပြတင်းပေါက်ထဲမှ အဝါရောင်နေခြည်နွေးနွေးလေးက ခေါင်းတလားပေါ်ကို ဖြာကျနေပြီး
ခေါင်းတလားအနီးတွင်လည်း ယေရှုခရစ်၏ပုံတော်ရှေ့၌ မီးပူဇော်သော နေရာရှိလေသည်။
ဆရာတော်က ဖယောင်းတိုင်ပြားလေးများကို မီးညှိ့နေစဉ်၊ ဘိုးဘိုးလူသာက အမရာကို ခေါင်းတလားနှစ်ခုရှေ့တွင် ဒူးထောက်ခိုင်းလိုက်ပါသည်။
YOU ARE READING
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
