ဆေးရုံနံ့တစ်ခုကို အမရာ့နှာခေါင်းထဲတွင်ရမိသည်။ ဆရာဝန်မမို့ ဤသို့သောပိုးသတ်ဆေးနံ့ကို သူရင်းနှီးနေသည်မှာ ကြာခဲ့ပြီ. . .
အမရာမျက်လုံးတွေ တဖြည်းဖြည်းပွင့်လာတော့ အပေါ်တည့်တည့်မှာ မြင်ရတာက ဗီးနပ်စ်နတ်သမီးခန်းမ (အမရာနေသည့်အခန်း) . .
>>ဟင်. . ငါ. . ငါမသေဘူးပဲ<<
နှာခေါင်းနှင့်ပါးစပ်မှာ တင်းကျပ်ကျပ်ကြီးမို့ မျက်လုံးကိုသေချာဖွင့်ကြည့်လိုက်တော့ အောက်ဆီဂျင်ပေးထားသည့် မျက်နှာဖုံးကြီးဖြစ်လေသည်။ မျက်နှာဖုံးကိုဆွဲဖယ်ပြီး ငုတ်တုတ်ထထိုင်လိုက်တော့မှ ဆေးနံ့ကတဖြည်းဖြည်းပျယ်လာပြီး နှင်းဆီနံ့ပျော့ပျော့လေးကို ရပြန်သည်။ လူကတော်တော် အားပျော့နေပြီး ကိုယ်တွေလက်တွေက လေးလံနေစဲ. .
"အမလေး မဒမ်ရယ်. . . တော်သေးလို့ပေါ့. .ဘာမှမဖြစ်တာ . . ဘုရားကယ်ပေလို့"
အမရာ့ဘေးမှာ ယူလီရာက ငိုနေခြင်းဖြစ်သည်။
'ယူလီရာ. . .
ယူလီရာ. .ငါ ဘာဖြစ်တာလဲ'
"မဒမ် ရေနစ်ပြီး သတိလစ်နေတာ နှစ်ရက်ရှိပြီ၊ viscount လူသာလည်း မနေ့ကနေ့လည်က သီတင်းလာမေးသွားပါသေးတယ်"
သူမခေါင်းထဲမှာ ခပ်နောက်နောက်အတွေးတွေ ပုံရိပ်ဟောင်းသဖွယ်ပြန်ပေါ်လာသည်။ အမျိုးသမီး ၂ယောက်က သူမကို ရေကန်ထဲတွန်းချလိုက်တာတော့ သေချာပေသည်။
'ငါ အလုပ်ကြံခံရတာ ယူလီရာ. . ကြိမ်းသေတယ်။'
"မဒမ် မတော်တဆဖြစ်တဲ့ကိစ္စက လှေကားရင်းကနေ ခြေချော်ကျတယ်လို့ ပြောပါတယ်"
'ဘာခြေချော်ကျရမှာလဲ။ ငါအလုပ်ကြံခံရပါတယ်ဆိုမှ'
"ရှင်"
'ဟုတ်တယ်။. . အလုပ်ကြံခံရပါတယ်ဆို. . ။ ဒါနဲ့ ငါ့ကို ဘယ်သူအရင်တွေ့တာလဲ'
"တင်မိုးသီးပါ မဒမ်. .
မဟုတ်မှလွဲရော. . သူများညာပြောတာလား"
ယူလီရာတွေးရင်းနှင့် မျက်နှာဖြူဖျော့သွားသည်။
>>တကယ်တော့ မဒမ့်ကိုမနေ့က ပြန်လာပို့တာ တင်မိုးသီး။ ရုပ်ကသူခိုးရုပ်နဲ့ ငါ့မျက်နှာကို စေ့စေ့မကြည့်ရဲဘဲ ရှောင်ပြေးနေတယ်။ မဒမ်မတော်တဆ မှန်အိမ်ထဲခြေချော်ကျတယ်လို့ပဲ သူပြောတာ ကျန်တာဘယ်ကနေ ဘယ်လိုဖြစ်တယ် သူဘာမှ မသိဘူးချည်းပဲ. .
BẠN ĐANG ĐỌC
Beloved Amara (ချစ်သော အမရာ)
Lãng mạnငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...