အပိုင်း (၁၈) အနက်ရောင် သတို့သမီး

7.1K 205 36
                                        

ဘုရားကျောင်းနံရံတွေက သာမာန်ထက်ကို ပိုမိုမှောင်မဲနေသယောင်

ပြည့်လျှံနေသော လီလီပန်းနှင့်နှင်းဆီပန်းတို့ကလည်း ဆာဂျွန်နဿန်နှင့် သောမတ်တို့၏အသုဘအခန်းအနားကို မွှေးရနံ့များဖြင့် မွန်းကြပ်ထုံထိုင်းသွားစေပြန်သည်။

အသုဘမို့ အမရာလည်း အများနည်းတူအနက်ရောင်ဝမ်းဆက်ကိုဝတ်ဆင်လာခဲ့ပါသည်။

အကယ်၍ ဆာဂျွန်နဿန်သာ သူမနှင့်လက်ထပ်ပြီးမှ သေဆုံးခဲ့ပါလျင် မုဆိုးမအသစ်စက်စက် ကလေးအဖြစ် ဝမ်းနည်းပူဆွေးရမည့်သူမှာ အမရာပင်ဖြစ်သည်။ သို့သော် ကံကောင်းသည်မှာက ဆာဂျွန်နဿန်ကြီး စောစောစီးစီး ကွယ်လွန်သွားခဲ့သောကြောင့် မုဆိုးမများလို ဇာခေါင်းဆောင်း အနက်ရောင်ကို ဆောင်းထားစရာ မလိုခြင်းဖြစ်လေသည်။

ပထမဦးစွာ အမရာက ဆာဂျွန်နဿန်၏ခေါင်းတလားကို သွားရောက်ဂါရဝပြုပြီး ပန်းစီးကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်ပါသည်။

ဆာဂျွန်နဿန်၏ အသက်မဲ့သွားသောခန္ဓာကိုယ်ကိုကြည့်ရင်း ဖရန့်စစ်အိမ်တော်ကို ရောက်လာခါစက သူမကိုဆုံးမခဲ့သောစကားများကို ပြန်အမှတ်ရမိပါတော့သည်။

>>ကျွန်မနဲ့ရှင် စစချင်းတွေ့တဲ့နေ့မှာလေ. . ရှင်ပထမဆုံးပြောတဲ့စကားက

- ဘဝက တိုတိုလေး ကလေးရဲ့ - တဲ့ . .

ဟုတ်တယ်နော်. . ပြီးတော့ ရေကူးကန်ပါတီမှာ ရှင်ထပ်ပြီး ဆုံးမခဲ့သေးတယ်။ အချိန်ဟာ တန်ဖိုးရှိတယ်တဲ့. . .

အင်းနော်. .. . ရှင်မှန်ပါတယ်။ အချိန်ရှိတုန်း ပျော်ပျော်ရွှင်ရွှင်နေသွားရမယ်ဆိုတာ အမှန်ဘဲ။

အဲ့ဒီ့တုန်းထဲက ကိုယ့်အတွက်ကိုယ်လည်း သတိထားဖို့ ကျွန်မရှင့်ကို သတိပေးလိုက်ရမှာ ဆာဂျွန်နဿန်ရယ်. . .<<

ထို့နောက်မှာတော့ နောက်ထပ်အနက်ရောင်ပြောင်ပြောင် ခေါင်းတလားတစ်ခု. .

သောမတ်၏ခေါင်းတလားဖြစ်လေသည်။ သောမတ်လေးက ထာဝရခရစ်တော်မှာ အိပ်ပျော်သွားခဲ့ပြီ။

သောမတ်က သေသွားတာတောင်မှ သူ့ရဲ့မျက်နှာနုနုလေးက ချောမောနေတုန်း

Beloved Amara (ချစ်သော အမရာ)Where stories live. Discover now