လူဝီ ၁၅ (၁၇၁၀-၁၇၇၄)
ပြင်သစ်တော်ဝင်သမိုင်းမှာ မိန်းမကိစ္စ အလွန်အကျုးဆုံးဘုရင်အဖြစ် ရာဇဝင်တွင်ခဲ့တဲ့
လူဝီ ၁၅ ဆိုတဲ့ မင်းတစ်ပါးရှိခဲ့ပါတယ် . .
သူဟာ. . . .
သူရိယနေဝန်းရှင်ဘုရင်ကြီးရယ်လို့ အာဏာစက်ပြင်းခဲ့တဲ့လူဝီ၁၄ ဘုရင်နဲ့မြစ်တော် တော်စပ်သူဖြစ်ပြီး၊ ၁၇၁၅ခုနှစ် လူဝီ ၁၄ နတ်ရွာစံချိန်မှာတော့ လူဝီ၁၅ ဘုရင်အဖြစ် ဗာဆိုင်းနန်းတော်မှာ နန်းတက်ခွင့်ရခဲ့ပါတယ် (Versailles, 2024)။
မြစ်တော်ဖြစ်ပေမယ့် လျှမ်းလျှမ်းတောက် လူဝီ၁၄ ရဲ့ ထီးနန်းအရိုက်အရာကို တိုက်ရိုက်ခံယူခွင့် ရတာကတော့ သူ့ဘုန်းသူ့ကံလို့ဆိုရမှာပါပဲ. . .။
လူဝီ ၁၄ ဘုရင်ကြီး နတ်ရွာမစံခင်မှာ လူဝီ ၁၅ရဲ့ အဖိုးတော်၊ ခမည်းတော်နဲ့ အကိုတော်တို့ဟာ ရောဂါအမျိုးမျိုးကြောင့် ကံကုန်ခဲ့ရရှာပါတယ်။ ဒါကြောင့် လူဝီ ၁၄ နတ်ရွာစံချိန်မှာ ထီးနန်းဆက်ခံရမယ့်သူစာရင်းထဲ လူဝီ ၁၅ ဟာ ထိပ်ဆုံးကနေပါသွားပါလေရဲ့ . .။
ဘေးတော်လူဝီ ၁၄တုန်းက ဘယ်လောက် သြဇာညောင်းခဲ့ညောင့်ခဲ့. . .
သက်တော် ၅ နှစ်အရွယ်မှာ နန်းတက်ခဲ့ရတဲ့ ငယ်ရွယ်နုပျိုပြီးမရင့်ကျက်တဲ့ လူဝီ၁၅ ရှင်ဘုရင်လေးဟာ တိုင်းရေးပြည်ရေးအုပ်ချုပ်မှုမနိုင်နင်းတဲ့အပြင်၊ အရွယ်ရောက်လာတော့လည်း အချစ်အရှုပ်အရှင်းတွေ များပြားလွန်းခဲ့ပြန်သတဲ့. .
သူ့ရဲ့နန်းသက်တလျှောက်မှာ သူနဲ့ချစ်တင်းနှောခဲ့တဲ့ မိန်းမတွေ မရေမတွက်နိုင်အောင် များပြားခဲ့တယ်လို့ ဗာဆိုင်းနန်းတွင်းအရှုပ်တော်ပုံမှာ မှတ်တမ်းတင်ထားပါတယ်။
မင်းညီမင်းသားအသိုင်းအဝိုင်းမှာတော့. . ခေတ်အဆက်ဆက် လူဝီမင်းဆက်တွေထဲ "သိပ်ချစ်ခံရတဲ့လူဝီ (Louis, the Well-beloved)" ရယ်လို့ တင်စားခေါ်တွင်ကြလောက်အောင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါဆိုပြီး မြှောက်ပင့်ခေါ်ဝေါ်ကြပေမယ့်
ပြည်သူတွေပါးစပ်ဖျားမှာတော့ စကဒ်ဝတ်တဲ့အရာမှန်သမျှကို လိုက်တုတ်တဲ့ပျားကြီးလို့ သူ့ကွယ်ရာမှာ သွားပုပ်လေလွှင့်လှောင်ပြောင်ကြပြန်သတဲ့. . .
KAMU SEDANG MEMBACA
Beloved Amara (ချစ်သော အမရာ)
Romansaငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
