နေကတဖြည်းဖြည်းစောင်းလာသည်နှင့် ကန်ရေမျက်နှာပြင်က ရွှေရောင်ရွှေသားတို့အလား ဖိတ်ဖိတ်တောက်အောင် အလင်းပြန်လေတော့သည်။ ဖန်ခွက်သံများ၊ ရေဗွက်ထသံ၊ ရယ်သံမောသံနှင့် ခေတ်ပေါ် ဥရောပ DJ တေးဂီတသံတို့က ကန်နံဘေးမှလေထုထဲတွင် တိုးဝှေ့ပြန့်နှံ့နေပေသည်။
<Music play: Rock it (Extended Mix) by Ofenbach>
ယနေ့ညနေခင်းပွဲမှာ နံနက်ခင်းမှအမဲလိုက်ပွဲပြိုင်ပွဲဝင်များအတွက် အောင်ပွဲခံသည့် အထိန်းအမှတ်အနေဖြင့်ကျင်းပကာ စားကြသောက်ကြအပန်းဖြေကြသည့်ပွဲဖြစ်ပါသည်။ ညနေအထိဆက်မနေလိုသူများက အမဲလိုက်ပွဲပြီးသည်နှင့်ပြန်သွားကြပြီး ပွဲစဉ်အားလုံး အမှီနွှဲမည်ဆိုသည့်သူများကတော့ ကျန်ရစ်ခဲ့ကြပါသည်။ ဆောင်းဦးရာသီဖြစ်သောကြောင့် ညနေခင်းလဟာပြင် pool party အပြီးတွင် indoor DJ ပွဲဆက်ကြပေအုံးမည်ဖြစ်သည်။ Romanian DJ နှင့် အဆိုတော်များဖြစ်ကြသော Edward Maya, Sunrise Inc တို့နှင့် Inna တို့ကိုလည်း ဖိတ်ကြားထားပါသည်။
ဘယ်လောက်ပင်ပျော်စရာကောင်းသည့်ပွဲဖြစ်ပါစေ. . . အမရာ့အတွက်တော့ မဖြစ်မနေမို့သာ ဇွတ်ကြိတ်မှိတ်ပြီးတက်ရမည့် ပွဲတစ်ခုဖြစ်သည်။ တစ်စက်မှ ခုန်မင်စရာမရှိ။
ဆာဂျွန်နဿန်နှင့် ဒီညနေတော့ စကားပြောခွင့်ရမှဖြစ်မည်။ အိမ်ကပြဿနာကလည်း ပေါ့သေးသေးမဟုတ်။ ထိုကြောင့်ဒီပွဲက အမရာတက်ကိုတက်မှရမည့်ပွဲ. .
သို့သော်. . ဒီမှာက ဘာပွဲတက်တက် dress code ကအရေးကြီးသည်။ Pool party ဆိုလည်း pool party အလျှောက် သင့်တော်သောအဝတ်အစားများကိုရွေးချယ်၍ ဆင်မြန်းသွားရန်လိုပါသည်။ ကံအားလျှော်စွာပင် ဟိုတစ်နေ့က အာဒမ်ရွေးပေးသွားခဲ့သော အတွင်းအဝတ်အစားများထဲမှာ Bikini လေးတွေပါလာ၍ ဟန်ကျသွားပြန်သည်။
ယူလီရာက အမရာ့ကို အဖြူရောင် Bikini ဝမ်းဆက်လေးတစ်စုံထုတ်ပေးလိုက်ပြီး၊ အမရာရှက်တတ်မှန်းသိလို့ အဖြူရောင်ခါးသိုင်းပုဝါလေးတစ်ခုကို စကဒ်သဖွယ်ပတ်ရန် ဆင်မြန်းပေးပါသည်။
"ပုဝါနဲ့ အစုံလိုက်ပါတာဆိုလို့ ဒီအဖြူလေးပဲရှိပါတယ် မဒမ်"
'ရပါတယ် ကိစ္စမရှိပါဘူး'
မြန်မြန်ပြီးချင်လို့ ကိစ္စမရှိပါဘူးလို့သာ ပြန်ဖြေပြီးထွက်လာခဲ့ရသည်။ တကယ်တော့ ရင်ခံပိတ်စက သေးလေသမို့ သူမရဲ့ရင်သားပြည့်ပြည့်မို့မို့တွေ တင်းကားပေါ်လွင်နေတာကို အမရာ သိပ်ဘဝင်မကျလှ. .
ВЫ ЧИТАЕТЕ
Beloved Amara (ချစ်သော အမရာ)
Любовные романыငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
