"ဒီတလောကလုံးမှာလေ. . . မောင်ချစ်တဲ့သူဆိုလို့ မင်းတစ်ယောက်ထဲ ရှိတယ်"
အဲလက်စ်က စောင်အဖြူကြားထဲမှာ လုံးထွေးနေရင်း အမရာ့နဖူးလေးကို နမ်းလိုက်သည်။ သူမက နူတ်ခမ်းလေးစူကာ ပြုံးရင်း တဖက်သို့ မျက်နှာလွှဲသွားပြီး
'သွားစမ်းပါ အလိမ်အညာတွေ'
"ဟာ. . . တကယ်ပြောတာ။ မောင်က ဆိုက်ကို. . .
သူများတွေနဲ့ မတူဘူး။
မောင့်မှာ သူများတွေလို အချစ်ဆုံးတော့ မချစ်ဆုံးတို့ ဘာမှမရှိဘူး။ မောင် ဒီကမ္ဘာပေါ်မှာ ဘယ်သူ့ကိုမှ မချစ်တာ။ အဲတော့မောင်ချစ်တာ မင်းတစ်ယောက်ထဲရှိတယ် သိလား"
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
စကားဆုံးသည်နှင့် သူမပါးပြင်လေးတစ်ဖက်ကို ဖွဖွလေးထပ်ကိုက်လိုက်ပြန်၏။
'အဲဒါ ကျွန်မနဲ့ဘာဆိုင်လို့လဲ'
"ဆိုင်တာပေါ့. . အဲဒါတွေမင်းသိထားမှ ဖြစ်မှာမို့လို့လေ
အခုတောင် မောင့်ကိုယုန်ထင်ကြောင်ထင်နဲ့ သဝန်တိုပြီး စွပ်စွဲချင်နေတာမှတ်လား"
'သဝန်တိုတာ မဟုတ်ပါဘူးနော် . . . ဘယ်သူပြောလဲ။ ပြီးတော့ ကျွန်မကို ရှင်ချစ်တယ်လို့ပြောနေတာကိုလည်း အခုထိ မယုံနိုင်သေးဘူး။
ပြောစမ်းပါအုံး ကျွန်မမှာ မိသားစုနောက်ခံ တောင့်တောင့်တင်းတင်းလည်းမရှိ၊ ငွေကြေးဥစ္စာလည်းမရှိ၊ ရုပ်ရည်ကလည်း သာမန်ပါပဲ၊ ကျွန်မထက်ပိုလှတဲ့မိန်းကလေးတွေမှ အများကြီးရယ်. .
ဘယ်မှာ ကြိုက်စရာရှိလို့လဲ'
ကလောင် (အဲလက်စ်၏ဖုန်းထဲသို့ စာတစ်စောင်ဝင်လာသည်)
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
