နေ့လည်ခင်းမှာတော့ အမ်စတာဒမ် Schiphol လေဆိပ်မှ ဂရိနိုင်ငံ Eleftherios Venizelos လေဆိပ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် သွားရောက်ခဲ့ကြပါသည်။
ဒီတစ်ခါတော့ ပြည်သူ့အချစ်တော် တင်မိုးသီးလေးက လေယာဉ်မမောင်းပါဘူးခင်ဗျာ။ သူသည်လည်း ဂျိမ်းစဘွန်းမဟုတ်ပေလို့ အနောက်ကနေပဲ ထိုင်လိုက်စီးခဲ့ရပါတယ်။
ဘာကြောင့်မို့ အလက်ဇန္ဒားတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ဟာ နီးစပ်ရာတစ်မြို့ချင်းစီကို မသွားဘဲ ဟိုခုန်ဒီခုန် ဖြစ်နေရလဲဆို အရင်ဆာဂျွန်နဿန်လက်ထပ်ထဲက စီစဉ်ထားတဲ့အစီအစဉ်တွေ ရှိခဲ့လို့ပါပဲ
ခရီးစဉ်ဆွဲတဲ့နေရာမှာ အပန်းဖြေဖို့ ရည်ရွယ်ချက်တစ်ခုထဲမဟုတ်ဘဲ နိုင်ငံအသီးသီးမှ ဒေသခံ ဆိုင်ရာပိုင်ရာများနှင့်တွေ့ဆုံဖို့ကိုပါ တစ်ခါထဲစီစဉ်ထားတဲ့အတွက် နယ်မြေပိုင်တွေ အားတဲ့ရက်အလိုက် Calendar ကျသွားနေရတဲ့ခရီး ဖြစ်နေတော့တာပေါ့ . .
= = = = =
အေသင်၊ ဂရိ
ဂရိနတ်ဘုရားတွေအကြောင်းကို အစချီလိုက်ပြီဆိုတာနဲ့ အေသင်ဆိုတာလည်း ရာဇဝင်ထဲမှာ မပါမပြီးတဲ့ မြို့တစ်မြို့ပါ။ အေသင်မြို့ဟာ ဂရိနိုင်ငံရဲ့ ခုန်နေတဲ့နှလုံးသားလေးဆိုလည်း မမှားပါဘူး
ဇုစ်နတ်မင်းကြီးရဲ့ အိုလံပစ်နတ်နန်းကြီးရော ဂရိနတ်ဘုရားဒဏ္ဍာရီတွေရော ပေါ်ထွန်းလာခဲ့တဲ့တိုင်းပြည်လို့ဆိုရင်လည်း မမှားပါဘူး။
ဒီလို ရှေးအကျဆုံးဘာသာရေးတွေ ပေါ်ပေါက်ခဲ့တဲ့ဂရိလူမျိုးတွေဟာ ဝိဇ္ဇာဘာသာရပ်တင် ထူးချွန်ခဲ့ကြတာလားဆို မဟုတ်ပါဘူး။ သိပ္ပံဘာသာရပ်များဖြစ်တဲ့ ဆေးပညာ၊ သချာၤ၊ ရူပဗေဒ နှင့် ဗိသုကာ စတဲ့အပိုင်းတွေမှာလည်း တစ်ဖက်ကမ်းခတ်ခဲ့ကြပါတယ်။
ရူပဗေဒနဲ့ သင်္ချာဘာသာရပ်တွေမှာ ယနေ့ခေတ်တိုင် သင်ကြားနေရတဲ့ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ အိုမီဂါ စတဲ့စကားလုံးတွေဟာ ဂရိဘာသာရဲ့ဗျည်းသရတွေပဲ ဖြစ်ပါတယ်။ အခုထိ ဂရိနိုင်ငံမှာ ရှေးလက်တင် သင်္ကေတတွေကို ရုံးသုံးစာအနေနဲ့ ဆက်လက်အသုံးပြုနေစဲပါ။
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
