'ငါတို့ မနက်ဖြန်ဆိုသွားပြီ'
ဘေးကနေခပ်တည်တည်ဖြင့် ဝင်ပြောသော တင်မိုးသီးကိုမြင်လျင် ယူလီရာလန့်သွားပြီး
"အမလေး. . . နင်အသံမပေးဘာမပေးနဲ့ ဘယ်လိုလုပ်ပေါ်လာတာလဲ"
'ငါ. .. နင့်ကိုလိုက်ရှာနေတာကြာပြီ. . . ပြောစရာလည်းရှိတယ်'
"ဘာပြောမလို့လဲ"
'အပေါ်ရောက်မှ ပြောပြမယ်. . ဒီညကျမှ အားလုံးအိပ်တဲ့အချိန် နင့်ကိုငါလာခေါ်မယ်လေ၊ ၂ ယောက်ထဲ သီးသန့်ပြောမှ ဖြစ်မှာမို့လို့'
သူတို့နှစ်ယောက်ပြောနေကြတာတွေကို ဘေးဝိုင်းမှာထိုင်နေတဲ့ အဲလက်စ်က အတိုင်းသား ကြားနေရလေ၏။
ယူလီရာကတော့ ဘာမှန်းမသိရှာ၊ သူ့စိတ်ထဲ လော့ဒ်နှင့်မဒမ်တို့နဲ့ ပတ်သက်တာ တစ်ခုခုပြောမည်ဟု ထင်သွားပုံ ရပါသည်။ သို့ပေမယ့်. . တင်မိုးသီးပြောနေတဲ့စကားတွေက ဘားတန်ဒါကောင်လေး ကြားရင် တမျိုးထင်သွားနိုင်သည်မို့ ယူလီရာက ဘားတန်ဒါ ကောင်လေးဘက်သို့လှည့်ကာ. .
"ကျွန်မ. . . . ကျွန်မ ညကျမှ ပြန်လာသောက်တော့မယ်နော်. . . အခုကတော့ အလုပ်ရှိသေးလို့ ခွင့်ပြုပါအုံး. . "
ဘားကောင်လေးခမျာ မျက်နှာအချိုးအနည်းငယ်ပြောင်းသွားသော်လည်း ဘာမှမဖြစ်သယောင် ဆက်ပြုံးပြကာ ပြန်နူတ်ဆက်လေသည်။
'ရပါတယ်ခင်ဗျ. . အချိန်မရွေးပါ'
ထို့နောက်. . ယူလီရာက တင်မိုးသီးဘက်သို့လှည့်၍
"မဒမ် နေမကောင်းဘူးထင်တယ်။ ခုနက အပေါ်ကိုတက်လာတာ မျက်နှာသိပ်မကောင်းဘူး။"
'ဟင်. . . မဒမ်က ဒီဆိုင်ကို လာသွားသေးတာလား'
"ဟုတ်တယ်လေ. . အနောက်ကအခန်းထဲမှာ တားရော့လာမေးတာ၊ အခုလေးတင်ပဲ သူပြန်တက်လာတာ ငါသွားပြီနော် မဒမ်ကို တစ်ယောက်ထဲထားခဲ့ရလို့"
ယူလီရာက ပြောစရာရှိတာပြောပြီးသည်နှင့် ရှိုးတိုးရှမ်းတမ်းဖြင့် တင်မိုးသီးလက်ထဲမှ အမြန်ထွက်ပြေးသွားလေသည်။
အဲလက်စ် လက်သီးကို မသိမသာဆုပ်လိုက်မိသည်။ သူ့စိတ်တွေမလုံခြုံတော့ပြန်ပေ။ ယူလီရာ ထွက်သွားသည်ကိုကြည့်ရင်း ချွေးစေးတွေပျံလာမိလေသည်။
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
