အမရာဝင်လာတော့ အီစဘယ်လ်က စကားပြောရပ်သွားပြီး အဲလက်စ်ကလည်း အမရာ့ကိုတစ်ချက် လှမ်းရှိုးလိုက်လေသည်။ အမရာလည်း ဘာမှမပြောဘဲ ခုံတန်းရှည်၏အစွန်းတစ်ဖက် သူတို့နှင့်အဝေးဆုံးတွင် သွားထိုင်ပေးလိုက်ပါသည်။
၃ ယောက်သား ကားထဲမှာ စစ်အေးတိုက်ပွဲကျင်းပရင်း နောက်ထပ်လည်ပတ်ရန် နေရာတစ်ခုကို ထပ်သွားနေကြပါသည်။
အဲလက်စ်ကလည်း အမရာကို အတန်းရှင်းပေးသလိုဖြစ်သွားမှာစိုးလို့ ဘာစကားမှမစချင်၍ အမရာ ဘုရားရှိခိုးချိန်ကြာတာကို ဘာမှမပြောနိူင်ချေ။
အီစဘယ်လ်ကလည်း အမရာ့ကို ရွဲ့သလိုလိုခနဲ့သလိုလို သွားပြောလိုက်ရင် အမရာဟာ သူမအတွက် အရေးပါတယ်ထင်သွားမှာစိုးလို့ မသိချင်ယောင်ဆောင်နေလိုက်ပါသည်။ သူမအတွက် အမရာက ပြိုင်ဖက်အဆင့်ပင်မဟုတ်ဟု တွေးထားပုံရပါသည်။
အားလုံးထဲမှာ နေရအခက်ဆုံးက အမရာပင်ဖြစ်သည်။ ဒေါသထွက်ပြလျင်လည်း သဝန်တို ဒေါသထွက်သည်ထင်ပြီး အဲလက်စ်အကွက်ထဲ တည့်တည့်ဝင်ပေအုံးမည်။
လိုတာထက်ပိုပြီး ဝမ်းသာပြပျော်ပြနေပြန်လျင်လည်း အတန်းရှင်းရှာနေသည်ဟု ထင်သွားပေအုံးမည်။
ထို့ကြောင့် . . . ဘာအရောင်မှမပါသော ကြားနယ်နမိတ်အတွင်း သတိဝရိယကြီးစွာ နေနေရပါသည်။
>>တကယ်တော့ အဲ့ကောင်ကို ထပြီးပါးချပစ်လိုက်ချင်တာ။ ဒါပေမယ့် ပါးချလိုက်ရင်လည်း ငါ့ကိုစော်ကားလို့ စိတ်ဆိုးပြီးချတာလို့ ထင်မှာမဟုတ်ဘူး။ သူစိမ်းမိန်းကလေးရှိနေလို့ သဝန်တိုပြီး ပါးချတာလို့ ထင်အုံးမှာ. .
ဟူး. . . . စိတ်တွေရှည်တယ်နော်<<
အဲလက်စ်က ဘေးတိုက်ထိုင်နေသော အမရာကို တစ်ချက်တစ်ချက် ခိုးကြည့်ပြန်၏။ အမရာကလည်း ဘေးတိုက်ထိုင်နေပေမယ့် မျက်စိထောင့်ကနေ သူလှမ်းကြည့်စဉ် ခံစားမိပါသည်။ အဲလက်စ်မျက်လုံးတွေ အမရာ့ဆီကိုရောက်နေတာ အီစဘယ်လ်တွေ့သွားချိန်မှာတော့
'အဲလက်စ်. . အဲလက်စ် . ဟိုမှာ Casa Batlló ကာဆာဘတ်တလိုအိမ်လေ မှတ်မိတယ်မှတ်လား'
YOU ARE READING
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
