နောက်တစ်နေ့မနက်မှာတော့ အဲလက်စ်တို့လင်မယား ဆန်တိုရီနီမှ ပေါ်တူဂီနိူင်ငံ ပေါ်တိုမြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြပါသည်။
ဥရောပတွင် အလှအပဆုံးသော ပင်လယ်ဆိပ်ကမ်းမြို့များထဲတွင် Porto ပါဝင်ပါသည်။ ပေါ်တိုသည် ပေါ်တူဂီနိုင်ငံ၏ အနောက်တောင်ပိုင်းတွင်တည်ရှိပြီး သင်္ဘောများကမ်းကပ်ရာ Port ကိုအစွဲပြု၍ ပေါ်တူဂီဘာသာစကားဖြင့် Porto ဟုခေါ်ဆိုခြင်းဖြစ်လေသည်။
စင်စစ်တွင် ပေါ်တူဂီဟူသော နိုင်ငံ၏အမည်ပင်လျှင် ပေါ်တိုမြို့ကြောင့် နာမည်စီးပြီး ပေါ်တူဂီ (Portugal) ဟုခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပေသည်။
ပေါ်တိုဆိုသည်နှင့် ငယ်ငယ်တုန်းက ကြည့်ဖူးခဲ့သော KiKi's Delivery Service ဂျပန်ကာတွန်းကားထဲမှ ကီကီလေး အလုပ်လုပ်ရန်ရောက်ရှိသွားသော ဆိပ်ကမ်းမြို့ကလေးကို ပြေးမြင်ကြပါလိမ့်မည်။ မြို့ကလေးကိုမြင်သည်နှင့် Town with an ocean view ဆိုသော တေးသီချင်းလေးနှင့်အတူ ကီကီလေး တံမြက်စည်းပျံစီးရင်း မြို့ထဲသို့ ဝင်သွားသည့် မြင်ကွင်းများကို မြင်ယောင်ကြည့်လိုက်ပါ။
ဆိပ်ကမ်းတွင် လတ်ဆတ်သော လေပြေလေညင်းနှင့်အတူ ပင်လယ်အော် စင်ရော်ငှက်အကြီးကြီးများကိုလည်း တွေ့မြင်နိုင်ပါသည်။
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
တောင်ထိပ်တွင် နာရီစင်အမြင့်ကြီးတစ်ခုရှိပြီး၊ တစ်မြို့လုံး တိုက်ရောင်စုံလေးတွေနှင့် လိမ္မော်ရင့်ရောင်ခေါင်မိုးလေးတွေမိုးထားကြသော ဆိပ်ကမ်းမြို့ကြီးတစ်ခုကို ဖြစ်ပါသည်။
အမှန်တော့ ပေါ်တို၏အဓိက ဆိပ်ကမ်းမှာပင်လယ်ဘက်တွင်မရှိဘဲ Douro မြစ်နှင့် ပင်လယ်ဝတို့ ဆုံစည်းရာ မြစ်ဝှမ်းတွင်အဓိက အတင်အချပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ နာမည်အကြီးဆုံးနေရာမှာ Luis I တံတားအနီးရှိ ဆိပ်ကမ်းဖြစ်ပါသည်။
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
