ဆံပင်မိတ်ကပ်အားလုံးပြင်ဆင်ပြီးသည်နှင့် အဝတ်အစား ရွေးချယ်ဖို့အဆင့်ကို ရောက်ရှိလာပြန်ပါသည်။
ထုံးစံအတိုင်း ကောင့်တက်စ် မာဂရက်သာက အဆင်မပြေတာတွေ ယူလာပြန်ပြီပေါ့။
တစ်ထည်က ဘော်ကြယ်တွေအများကြီးနဲ့ ငွေရောင်လက်လက်တွေမို့ အမရာ မကြိုက်ဘူး
နောက်တစ်ထည်ကလည်း ဂါဝန်အရှေ့ခြမ်းတို အနောက်ခြမ်းရှည်ပြီး ကြမ်းပြင်မှာ အပုံလိုက်. . .
နောက်တစ်ထည်ဝတ်ကြည့်ပြန်တော့ ရင်ဘက်ကြီးကတအားဟိုက်နေတာ
သူပြောတော့ ဒီနေ့ နှစ်ခြင်းခံရမှာဆို ဘာလို့ မဟုတ်တမ်းတရားတွေ ဝတ်ခိုင်းနေတာလဲ
'မာဂရက်သာ. . . ရှင့်ရဲ့ ဖက်ရှင်အမြင်တွေက တော်တော်ထူးခြားတယ်နော်
ထူးခြားလွန်းလို့ ကျွန်မတော့ ရှင့်ဖက်ရှင်တွေအတိုင်း လိုက်မဝတ်နိူင်တော့ဘူး'
မာဂရက်သာက မျက်နှာကြီးရှုံ့မဲ့ကာ
"သြော်. . .ဘုရားရေ ဒုက္ခပါပဲ Balenciaga Bustier Gown တွေက ဒီလိုပဲလေ"
မသိရင်ကျွန်မက ဘလန်ချီယာဂါကို မမြင်ဖူးတဲ့သူလိုပဲ နှိမ်နှိမ်ချချလေသံဖြင့် ပြန်ဖြေလိုက်ပါသည်။
သူကတော့ Balenciaga Bustier Gown တွေက ဒီလိုပဲလို့ပြောပေမယ့် ဒီတစ်ထည်ကတော့ တော်တော်လေး ရင်သားပေါ်နေသလိုဖြစ်နေသလားလို့
ပြီးတော့ ဒီနေ့က အဘိုးလူသာနဲ့ တွေ့ရမယ့်အပြင် ဆရာတော်ပေါလ်လိုတို့လို ဂုဏ်သရေရှိ လူကြီးလူကောင်းတွေနဲ့ တွေ့ဆုံရမှာမဟုတ်ပေဘူးလား။
အမရာကလည်း အရမ်းကြီးတော့ရှေးရိုးဆန်ပြီး အနေသိုသိပ်လှသူ မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့တွေအနောက်တိုင်းက ဘယ်လောက်ခေတ်မှီတယ်ပြောပြော အခုမှပထမဆုံးတွေ့ရမယ့် အချိန်မှာတော့ အမရာ့ကို လော်လော်လီလီ ပေါ့ပေါ့ပျက်ပျက် မိန်းကလေးလို့ ထင်မသွားစေချင်တာ အမှန်ပင်။
ပြီးတော့ ဒီကလူတွေအကုန်လုံးနီးပါးက အမရာ့ကို ငွေအတွက် ရောက်လာကြတယ်လို့ ထင်နေကြတာမှတ်လား. .
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
