အပိုင်း (၂၁) ရွှေလှောင်အိမ်

2.7K 132 23
                                    

ဖရန့်စစ်အိမ်တော်၏ အိမ်ရှေ့ခန်းမလယ်တွင် ဓါတ်ပုံရိုက်မည့်အဖွဲ့နှင့်အတူ အိမ်စေများ၊ သက်ဆိုင်ရာ ဝန်ထမ်းများ ရှုပ်ရှပ်ခတ်နေကြသည်။

ယနေ့က အလက်ဇန္ဒားနှင့် အမရာတို့ တော်ဝင်မောင်နှံအဖြစ် မင်္ဂလာစုံတွဲဓါတ်ပုံရိုက်ရမည့်နေ့. . .

အမရာက ရှေးဆန်ဆန် ပြင်သစ်နန်းတွင်းဂါဝန်ဖားဖားကြီးကိုဝတ်ကာ ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေလေ၏။ ဆံပင်ဆံထုံးဆင်ယင်ထုံးဖွဲ့မှုကလည်း တော်ဝင်မိဖုရားများကဲ့သို့ သရဖူကလေးကို ဆောင်းလို့. .

သူမကခါးကိုမတ်မတ်ရပ်ကာ ကင်မရာရှေ့မှာကျောက်ရုပ်တစ်ခုလို တောင့်တောင့်ကြီးထိုင်နေပါသည်။

ဓါတ်ပုံရိုက်နေတာ ၄၅ မိနစ်ခန့်ရှိပြီ။ အခုထက်ထိပုံကောင်းကောင်းမရသေး. . ။ ဓါတ်ပုံဆရာက အမရာကိုပြုံးရန် အကြိမ်ကြိမ်ပြောနေရပါသည်။ အမရာလည်း ကြိုးစားပြီးပြုံးပေမယ့် ဘယ်လိုမှ မျက်နှာကပျော်တဲ့ပုံ ပေါက်မနေချေ။

အထူးသဖြင့် ဘေးနားမှာလာရပ်နေသော အလက်ဇန္ဒားကြောင့် မျက်နှာကဘယ်လို ဟန်ဆောင်ဟန်ဆောင် ထွန်းအိန္ဒြာဗိုလ်လို မဲ့ပြုံးသာဖြစ်နေလေ၏။

နဂိုထဲက အရှက်အကြောက်ကြီးပါတယ်ဆိုတဲ့ မိန်းကလေးကိုမှ ရက်ရက်စက်စက် Live လွှင့်ပြီး ရစရာမရှိအောင် ဖျက်ဆီးခဲ့တာတွေ. .

အေးစက်နေတဲ့ သချိုင်းကုန်းကြီးထဲမှာ မစာမနာတစ်ညလုံးဒူးထောက်ခိုင်းခဲ့တာတွေ. .

မင်္ဂလာဆောင်မှာတောင် ဟန်မဆောင်နိုင်ပဲ ဒေါကြီးမောကြီးနဲ့ ထထွက်သွားပြီးမှ လူပုံအလယ်မှာ ဖာခ့်ဆိုပြီး အော်ဆဲခဲ့တာတွေ

မင်္ဂလာဦးညမှာ လူတောင်တစ်ပတ်လည်သွားအောင် ပါးရိုက်ခံလိုက်ရတာတွေ. .

အဲ့တာတွေကြောင့် သူ့အနားမှာဘယ်လိုမှစိတ်မအေးနိုင်ပေ။

ဘယ်တော့ ဘာထလုပ်မလဲဆိုတာ သူမအရမ်းကြောက်နေပြီလေ။

ထိုစဉ်

"Duchess နည်းနည်းလောက် ပြုံးပေးလို့ရမလားခင်ဗျာ"

'ရှင်. . ဟုတ်ကဲ့'

ဒါနဲ့ဆို ပြုံးဖို့ပြောရတာ အခါ ၅၀ လောက်ရှိနေပြီ. . ။ တင်မိုးသီးတို့၊ ယူလီရာတို့၊ အိမ်တော်ထိန်း ရေးနောတို့က သက်ပြင်းတချချနှင့်. .

Beloved Amara (ချစ်သော အမရာ)Место, где живут истории. Откройте их для себя