အပိုင်း (၄၀) Tuscany - သားချော့တေး

3.8K 160 11
                                        

အမရာတစ်ယောက် ခေါင်းတွေအရမ်းကိုက်ပြီးမှ ပြန်နိူးလာခဲ့ပါသည်။

အခန်းတစ်ခုလုံးလည်း နေရောင်ခြည်နှင့် လင်းလို့နေပြီ. . .

သူမနိူးလာချိန် နှာခေါင်းထဲတန်းရလိုက်တာ အဲလက်စ်မနေ့က ဆွတ်လာသည့် creed ရေမွှေးအနံ့. .

လူကလည်း ခါတိုင်းလိုပင် အဲလက်စ်ရင်ခွင်ထဲမှာနှစ်ပြီး ဖက်ထားခံရသည်မို့ နွေးထွေးလို့. . .

သူ့ရဲ့ဝင်သက်ထွက်သက်တွေကလည်း အမရာ့ရဲ့ နားထင်ကိုလာ၍ ရိုက်ခတ်လျက်ရှိသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေနိူင်သော အဲလက်စ်ကို ကြည့်ပြီး အမရာ စိတ်တိုသွားမိ၏။

>>သွားစမ်းပါ လာမထိနဲ့

မနေ့ညက တခြားမိန်းမတစ်ယောက်ကို ထည့်ထားမယ့် ရင်ခွင်ကြီး

မုန်းတယ်. . . အရမ်းမုန်းတယ်<<

အဲလက်စ်မနိူးအောင် သတိထားပြီး သူ့ရင်ခွင်ထဲမှ ဖြည်းဖြည်းချင်းရုန်းထွက်ရင်း. .

"နိူးပြီလား ရာရာ"

>>အောင့်မလေး ရာရာတဲ့<<

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

>>အောင့်မလေး ရာရာတဲ့<<

အမရာက ဘာစကားမှပြန်မဖြေဘဲ အဲလက်စ်ရင်ခွင်ထဲကနေ ပေါ်ပေါ်ထင်ထင်ကို ရုန်းထွက်ဖို့ ကြိုးစားပါတော့သည်။

"ဘာလဲ. . . . မောင့်ကိုသဝန်တိုပြီး စိတ်ကောက်နေတာလား။"

'သွားစမ်းပါ . . .

ရှင့်ကိုသဝန်တိုစရာ ဘာအကြောင်းမှမရှိဘူး

ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး လာမပြောစမ်းပါနဲ့'

အမရာက အိပ်ရာပေါ်မှအတင်းဆင်းသွားလျင် အဲလက်စ်က ငုတ်တုတ်ထထိုင်ကာ သူ့နဖူးနှင့် မျက်နှာကို လက်ဝါးဖြင့်ပွတ်လိုက်လေသည်။

Beloved Amara (ချစ်သော အမရာ)Where stories live. Discover now