>> ငယ်ငယ်တုန်းက ပြင်သစ်နန်းတွင်းရာဇဝင်တွေအကြောင်း အမရာသင်ခဲ့ရဖူးတယ်။
အဲ့ဒီတုန်းက လူဝီ ၁၄ ဘုရင်ရဲ့မိသားစုပုံကို ဂရိနတ်ဘုရားပုံစံမျိုးဆွဲထားတဲ့ ပန်းချီအကြောင်း သင်ရင်းနဲ့လေ . . .
ဆရာကိုမေးခဲ့ဖူးတယ်။
ဂရိနတ်ဘုရားတွေကို ဘာလို့ကိုယ်လုံးတီးတွေ ထုဆစ်ကြရတာလဲ၊ ပန်းချီတွေမှာကရော ဘာဖြစ်လို့ ဝတ်လစ်စလစ် ဖြစ်နေကြရတာလဲလို့. . .
ဆရာကဖြေတယ်။
နတ်ဘုရားဆိုတာ ပြီးပြည့်စုံတဲ့ဖြစ်တည်မှုတစ်ခုပဲ၊ လူသားတွေလို မပြည့်စုံခြင်းဆိုတဲ့ အနာအဆာတွေ ရှိမနေဘူး။
ဒါကြောင့် နတ်ဘုရားတွေဟာ သူတို့ခန္ဓာကိုယ်ကို အဝတ်အစားတွေနဲ့ ဖုံးကွယ်နေစရာမလိုဘူး။
သူတို့က ပြီးပြည့်စုံတယ်တဲ့
သည်လိုပါပဲ. .
အမရာဆိုတာလည်း ပြီးပြည့်စုံပြီးသား မိန်းမသားတစ်ယောက်မှတ်လား. .
အဲ့တော့ ကျွန်မလည်း ဖုံးကွယ်နေစရာမလိုဘူး။ ဒီအတိုင်းဘဲ လူတွေကြားမှာသွားရဲတယ် ဘာမှရှက်စရာမလိုဘူး. . <<
ညချမ်းအေးအေးမှာ တစ်ကိုယ်လုံးကြက်သီးမွှေးတွေထရင်း လက်ကလေးတွေကို လက်မောင်းလေးနှစ်ဖက်မှာ ပိုက်လို့ Red Light District လမ်းကြားထဲမှာ အမရာသွားနေမိသည်။
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...