အပိုင်း (၃) မွန်းကြပ်ခြင်း

6.7K 130 7
                                        

"မဒမ်လိုအပ်တာတွေရှိရင် ကျွန်တော့်ကိုအချိန်မရွေး ခေါ်လို့ရပါတယ်ခင်ဗျာ။"

အိမ်တော်ထိန်းရေးနောက အမရာကိုအခန်းထဲသို့လိုက်ပို့ပြီး၊ သူမအသုံးပြုရန်အတွက် ဖုန်းအသစ်နှင့် Ipad လေးတစ်ခုကို ပေးလိုက်ပါတယ်။ ထိုအထဲတွင် vassals များ အားလုံးအသုံးပြုကြသော app တစ်ခုကို ထည့်သွင်းထားပါသည်။ ရဲတိုက်တစ်ခုလုံးရဲ့မြေပုံ၊ တံခါးတွေ အခန်းတွေတစ်ခုခြင်းဆီကို အဖွင့်အပိတ်လုပ်ဖို့ manual နှင့် အိမ်ဖော်တွေ၊ ဝန်ထမ်းတွေကို လှမ်းခေါ်လို့ရတဲ့စနစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင်အိမ်ထဲမှာတင် ကိုယ်စားချင်တဲ့ အစားအစာတွေကို စားဖိုဆောင်မှာ မီနူးနှင့်လှမ်းမှာလို့ရတဲ့အပြင်၊ ဈေးဝယ်ထွက်ဖို့ app တွေလည်း ပါပါသေးတယ်။

အသုံးပြုပုံတွေကို အကြမ်းဖျင်းပြောပြပြီးနောက်မှာတော့ ရေးနောကတံခါးပြန်ပိတ်၍ ထွက်သွားပါသည်။ ရေးနောထွက်သွားမှ အမရာလည်း အခန်းကိုသေချာလှည့်ပတ်ကြည့်မိပါသည်။

အမရာရဲ့အခန်းက ယခင်ဖရန့်စစ်မြို့စားကတော်များ အဆက်ဆက်နေထိုင်ခဲ့ရသောအခန်း. .

မြို့စားမင်းအိပ်ခန်းပြီးလျှင် ဒုတိယမြောက်အခမ်းနားဆုံးသောအခန်းဖြစ်လေသည်။

ပြင်သစ်နန်းတွင်းရိုးရာအရ မြို့စားမင်းကြီး၏အခန်းက ရဲတိုက်၏ညာတောင်ပျံတွင်ရှိလျှင် မြို့စားကတော်၏အခန်းက ဘယ်တောင်ပျံတွင် နေရာယူထားလေသည်။

မြို့စားမင်းနေထိုင်သော အခန်းမှာ အရှေ့အရပ်သို့မျက်နှာမှုသည်။ နေမင်းမှဆင်းသက်လာသော သားတော်များဟု အယူအဆ ရှိကြသောကြောင့် နံနက်နေထွက်သည်နှင့် ရဲတိုက်တစ်ခုလုံးတွင် နေရောင်ပထမဆုံးကျသော အခန်းကို မြို့စားမင်း၏အခန်းအဖြစ် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

ထိုအခန်း၏လသာဆောင်မှ ကြည့်လျှင်လည်း ရေလွှာဖွေးဖွေးလှုပ်နေသော ရေကန်ပြင်ကျယ်ကြီးကို အကြည်ဓါတ်ခံယူရင်း ရှုမြင်နိုင်သလို ဘေးနားကနှင်းဆီဥယျာဉ်ကြီးရဲ့ အလှအပကိုလည်း ခံစားနိုင်စေရန်စီမံထားခြင်းဖြစ်သည်။

Beloved Amara (ချစ်သော အမရာ)Место, где живут истории. Откройте их для себя