အပိုင်း (၁၂) အပျိုစင်ည

3.9K 61 27
                                    

'အကယ်၍ဒီနေ့ဆေးစစ်ချက်မှာသာ. . . ကျွန်မကအပျိုစင်မဟုတ်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ'

ထောင်း. . (တုတ်ကောက်နှင့် ကြမ်းပြင်ရိုက်ခတ်သံ)

အမရာ၏စိုးရွံ့နေသောမေးခွန်းအပေါ် အဘိုးလူသာက ဒေါသပုန်အကြီးအကျယ်ထသွားလေသည်။ 

မြို့စားကတော် ပန်းချီဆွဲခန်းမှာ အဘိုးလူသာနှင့် အမရာ နှစ်ယောက်ထဲ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး အခန်းက သာမန်ထက်ပို၍ တိတ်ဆိတ်လျက်. . 

အဘိုးလူသာက သူ၏တုတ်ကောက်ကို ကြမ်းပြင်မှာတစ်ချက်ဆောင့်ချလိုက်ပြီး အမရာထိုင်နေသောထိုင်ခုံဆီသို့ ထလာလေသည်။

"အေး. . . အဲ့တာဆို ဘာမှဆက်ပြောစရာမရှိတော့ဘူး၊ မင်းအိမ်ပြန်ရုံပဲရှိတယ်။ ပိုက်ဆံလည်း တစ်ပြားမှရမှာမဟုတ်ဘူး။ အရှက်တကွဲအကျိုးနည်းနဲ့ အိမ်ပြန်ရမှာ။ ဘာမှအသနားခံပိုင်ခွင့်မရှိဘူး။"

'ဒါပေမယ့်. . ဒါပေမယ့် ဘိုးဘိုးလူသာရယ်. . အဲ့ညက ကျွန်မချောက်ချခံရတဲ့အကြောင်း ဘိုးဘိုးကို ရှင်းပြပြီးပြီလေ. . တရားခံကလည်းသူလုပ်တာပါလို့ ပြောတာပဲဟာ။'

"မဟုတ်ဘူး. . . . အဲ့နေ့ညက အဖြစ်အပျက်မှာ ဘာမှသက်သေမကျန်ဘူး။

အကယ်၍အလက်ဇန္ဒားက သူလုပ်ပါတယ်လို့တခြားသူတွေကို ပြောလာခဲ့ရင်တောင် မင်းဟာ လက်မထပ်ရသေးခင်မှာ ကိုယ့်ရဲ့အပျိုစင်ဘဝကို မထိန်းသိမ်းနိုင်တဲ့အတွက် မြို့စားကတော်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီတော့ဘူး။ မင်းကို vassal တွေကဝိုင်းကန့်ကွက်ကြလိမ့်မယ်။ သူတို့တွေက နဂိုထဲက ဒီလိုဖြစ်စေချင်နေတာ. . .

ဆာဂျွန်နဿန်ကလည်း အဲ့တာကြောင့် မင်းကိုလက်မထပ်ရသေးမချင်း အိမ်တော်ထဲက အပြင်ပေးမထွက်ဖို့ မှာထားတာ. .

မင်းတစ်ခုခုဖြစ်သွားမှာစိုးလို့၊ မင်းကိုလုပ်ကြံသူပေါ်လာမှာစိုးလို့ပေါ့. .

နောက်ပြီး

အလက်ဇန္ဒားက ဖရန့်စစ်မျိုးနွယ်ထဲက သားတော်တစ်ယောက်

သူဟာ ဘယ်လောက်ယုတ်မာနေပါစေ၊ ဘယ်သူမှ သူ့ကိုထိပိုင်ခွင့်မရှိဘူး။

Beloved Amara (ချစ်သော အမရာ)Where stories live. Discover now