ဟော်လန်ဆိုရင် အတော်များများက Netherlands လို့လည်း သိထားကြပါတယ်။ နယ်နမိတ်အပိုင်းအခြားပေါ် မူတည်ပြီး အခေါ်အဝေါ်လေး နည်းနည်းပြောင်းသွားတာပါ။ ဒီအပိုင်းကနေ ဒီအပိုင်းအထိကတော့ ဟော်လန်၊ ဒီတစ်ခုလုံးဆို နယ်သာလန် စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်။
ဘာဖြစ်လို့ နီးသားလန်း - မြေအောက်တိုင်းပြည်လို့ ပြောကြသလဲဆိုရင် အဲ့ဒီ့နိူင်ငံက ပင်လယ်ရေမျက်နှာပြင်ထက်နိမ့်နေလို့ပါပဲ။ ၂၃ ပေအထိတောင်နိမ့်တဲ့ နေရာတွေ နယ်သာလန်မှာ ရှိပါတယ်။
(စာဖတ်ဝါသနာရှင်အချို့ဆိုရင်ဖြင့် ဟော်လန်မြို့ရဲ့ ရေကာတာကြီးပေါက်နေတာကို သူ့လက်သန်းကလေးနဲ့ပိတ်ပြီး တစ်မြို့လုံးအသက်ကိုကာကွယ်ပေးခဲ့တဲ့ ကလေးလေး The Hole in the Dike (Green, 1974) ဆိုပြီး ပုံပြင်တွေ ဖတ်ဖူးရင်ဖတ်ဖူးကြမှာပါ။ ဒီပုံပြင်ဘာလို့ပေါ်လာရလဲဆို ဟော်လန်ဟာ ရေကာတာပေါက်တာနဲ့ ပင်လယ်အောက်ရောက်သွားနိူင်တဲ့ နိုင်ငံလေးမို့လို့ပါပဲ. . .)
နယ်သာလန်ဆိုတာကြားလိုက်တာနဲ့ အားလုံးရဲ့မျက်လုံးထဲမှာ
ကျုးလစ်တွေအများကြီးပွင့်တဲ့မြေ
လေဒလက်လေးတွေနဲ့ Windmill လေးတွေ
တူးမြောင်းလေးတွေကြား တည်ဆောက်ထားတဲ့ ရှည်လမျောတိုက်အိမ်လေးတွေနဲ့ အမ်စတာဒမ်မြို့
စက်ဘီးမြို့တော်. .
Redlight District ဆိုပြီး နီယွန်မီးရောင်နီနီတွေကြား ဘယ်တော့မှ မအိပ်စက်တဲ့မြို့
စသည်ဖြင့် နယ်သာလန်ရဲ့ အငွေ့အသက်တွေကို ခံစားမိမှာသေချာပါတယ်။
မှန်ပါတယ်။
အပေါ်မှာပြောခဲ့သလိုပါပဲ၊ နယ်သာလန်ရဲ့မြို့တော် Amsterdam ဆိုရင်လည်း Amstel မြစ်ကို Dam ရေတူးမြောင်းတွေ အဆင့်ဆင့်ကာပြီးတော့မှ မြို့တည်ထားတာမို့ Amsterdam လို့ခေါ်ဆိုပါတယ်။
IAmSterdam ဆိုပြီးဆိုင်းဘုတ်ကြီးတွေလည်း အမ်စတာဒမ်မှာ တွေ့ရမှာဖြစ်ပါတယ်။
နယ်သာလန်ရဲ့ဘာသာစကားကတော့ ဒက်ချ် (Dutch) ဘာသာစကားဖြစ်ပါတယ်။ နိုင်ငံတော် အလံမှာ (အလျားလိုက်) အနီရောင် ရဲရင့်ခြင်း၊ အဖြူရောင် ရိုးသားခြင်းနှင့် အပြာရောင် သစ္စာရှိခြင်း စတဲ့ ၃ရောင်ပါဝင်ပါတယ်။ ထူးခြားတာတစ်ခုက -
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
