အပိုင်း (၂) One way Ticket

4.8K 90 5
                                    

(Announcement: This is the final call of Emirates Airlines, Flight Number EK183 departure to Brussels. It is now boarding at Gate C11 #@%$$#%^%$)

Belgium နိုင်ငံ Brussels မြို့တော်သို့ထွက်ခွာမည့် လေယာဉ်က final call ခေါ်နေပြီဖြစ်ပါသည်။ အမရာတစ်ယောက် Boarding pass လေးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း Waiting Area မှာထိုင်နေပါသည်။ လက်ထဲကဖုန်းက အခုထိနားထောင်နေရဆဲ. .

"သမီး. . . လက်ဖွဲ့ကြေးတွေရတာနဲ့ အိမ်ကိုချက်ချင်းလွှဲပေးနော်၊ အဖေ့အမှုက သိပ်အချိန်ဆွဲလို့ မရဘူး. . သမီးမြန်မြန်လက်ထပ်လိုက်တော့. . ၊ ပြီးတော့ ရှယ်လီလေးကိုလည်းသနားအုံး။"

'ဟုတ်ဟုတ်'

"အေး. . . ဒါဆို ဒယ်ဒီဖုန်းချလိုက်တော့မယ်။ ရှယ်လီ့ဘေးနားမှာ သွားနေပေးမှရမှာ၊ သူကစိတ်အား အရမ်းငယ်နေရှာတာ. .. ဒါပဲဒါပဲ"

ဖုန်းကျသွားပြီ. . အမရာအတွက် စိတ်ပူကြောင်းတစ်လုံးမှမပါတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု။ သူမ ဖုန်းကိုငေးကြည့်ရင်း လှုပ်တောင်မလှုပ်နိုင်ဘူး။ Transit (ကြားခံ) လေဆိပ်ရဲ့ လေယာဉ်ကွင်းထဲမှာ အဲယားကွန်းအေးနေအောင် ဖွင့်ထားတာတောင် သူမလက်တွေက ချွေးစေးတွေနဲ့စေးကပ်ပြီး တုန်ရင်နေပါတယ်။

ထိုစဉ် လေယာဉ်မယ်ကလေးတစ်ယောက်က အမရာရဲ့ရှေ့မှာလာရပ်လေသည်။ သူမရဲ့အနက်ရောင် ဒေါက်ဖိနပ်ချွန်ချွန်လေးကို မြင်တော့မှ အမရာမော့ကြည့်လိုက်မိသည်။

'မစ္စ. . . . လေယာဉ် Final Call ခေါ်နေပါပြီ၊ အခြားခရီးသည်တွေလည်းအကုန် လေယာဉ်ပေါ်ရောက်နေပါပြီ. . '

အမရာလည်း မျက်စေ့ကိုမှိတ်. . တံတွေးမျိုချလိုက်ပြီး. . မတ်တပ်ထရပ်လိုက်သည်

"ကောင်းပါပြီ. . ကျေးဇူးပါ"

သူမ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီးပါပြီ။

ကောင်တာမှာ Boarding pass ကို တိခနဲမြည်အောင် scan ဖတ်လိုက်ပြီးနောက် လေယာဉ်ထဲဝင်ရန် တစ်လှမ်းချင်းလှမ်း၍ ဝင်လာလိုက်သည်။ ကိုယ်တစ်ယောက်ထဲကျန်တော့တာမို့ ဒေါက်ဖိနပ်သံက Tube ထဲတွင် ဟိန်းထွက်နေသည်။

>>ဒီခရီး. . .ဒီလမ်းတွေက ပြန်လှည့်လို့မရတော့တဲ့လမ်းတွေပါ။ ခြေလှမ်းတစ်လှမ်းချင်းစီ ဝေးကွာလာခဲ့ရာမှ မိုင်ပေါင်းထောင်ချီဝေးကွာတော့မယ့်နေရာ. .အိမ်ပြန်ဖို့ဆိုတာလည်း မသေချာတော့တဲ့နေရာ .၊ အိမ်ဆိုရအောင်လည်း ကျွန်မအတွက်က အိမ်အစစ်ဆိုတာ မရှိပါဘူးလေ<<

Beloved Amara (ချစ်သော အမရာ)Nơi câu chuyện tồn tại. Hãy khám phá bây giờ