Venice မြို့သည် ရှေးယခင်က ဥရောပတွင် အချမ်းသာဆုံး အကြွယ်ဝဆုံးသော အီတာလီယံကုန်သည်ကြီးများ နေထိုင်ရာ ရေပေါ်မြို့လေးတစ်မြို့ ဖြစ်ပါသည်။
ဗင်းနစ်ဟုကြားလိုက်သည်နှင့် အမရာ ငယ်ငယ်တုန်းက သင်ခဲ့ဖူးသော ဝီလီယံရှိတ်စပီးယား၏ Merchant of Venice ဆိုသည့် ပြဇာတ်အကြောင်းကို ပြန်သတိရမိပြန်၏။
Long ago, there lived in Venice, a town in Italy, a man called Antonio.
ဟူ၍ အစချီခဲ့သည့် စာသားလေးနှင့်အတူ သင်္ဘောကုန်သည်လေး အန်တိုနီယိုနှင့် ဉာဏ်ထက်မြတ်သော သူ၏ချစ်သူ ပိုးရှားတို့ကို မြင်ယောင်လာပါတော့သည်။
အမှန်တကယ်ပင် ဗင်းနစ်သည် တချိန်တုန်းက ဥရောပ၏ ကုန်သွယ်ရေးနှလုံးသွေးကြော တစ်ခုဖြစ်ခဲ့ပါသည်။
အရှေ့အလယ်ပိုင်းမှ ဟင်းခတ်အမွှေးအကြိုင် အဝတ်အထည်များကို ဥရောပအနောက်ပိုင်းသို့ ပြန်လည်ဖြန့်ချီရာတွင် အဓိကအရေးပါသော ပင်လယ်ဆိပ်ကမ်းမြို့တော်လည်းဖြစ်၏
မြေထဲပင်လယ်ဒေသ၏ သမုဒ္ဒရာ လေကွယ်ရာ အရပ်တွင် တည်ရှိသောကြောင့် ပင်လယ်မုန်တိုင်းများ၏ဒဏ်ကို မခံစားရဘဲ ရေတက်ရေကျသာ ရှိလေသည်။
ဗင်းနစ်ကျွန်းသည် ပင်လယ်ထုံးအိုင်ခေါ် ကြီးမားသော lagoon တစ်ခုအဖြစ်တည်ရှိပြီး၊ ပင်လယ်ဝတွင် ကျွန်းငယ်ပေါင်းများစွာ စုစည်းကာ မြို့တည်ထားခြင်းဖြစ်သည်။
အဆောက်အဦးများ၏အောက်တွင် နှစ်တစ်ထောင်ကျော် သက်တမ်းကြာပြီဖြစ်သော သစ်သားချောင်းကြီးများကို နုန်းတင်မြေနုပေါ်၌ ပိုင်ရိုက်ကာ၊ အုတ်နှင့် အင်္ဂတေတို့ကို ဖြည့်ပြီး အုတ်မြစ်တည်ထားခြင်းဖြစ်သည်။
တစ်မြို့လုံး ရေပြင်ပေါ်မှာ အိမ်ကလေးတွေဆောက်၊ လှေငယ်ကလေးများဖြင့် လှော်ခပ်သွားလာနေသည့်
ရေပေါ်မြို့ကလေးဖြစ်နေသောကြောင့် အီတလီ၏အင်းလေးဟု စာရေးသူမှ တင်စားပါရစေ . . .
ဗင်းနစ်မြို့တွင် တမူထူးခြားချက်များစွာ ရှိလေ၏။ ရေချိုမရရှိသောမြို့၊ ပင်မြင့်သစ်ပင် မပေါက်နိူင်သောမြို့၊ ဘယ်အဆောက်အဦးမှ ၉၀ ဒီဂရီ မတည့်မတ်နိုင်သောမြို့၊ ကားမရှိသောမြို့ စသည်ဖြင့်
ВЫ ЧИТАЕТЕ
Beloved Amara (ချစ်သော အမရာ)
Любовные романыငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
