အပိုင်း (၉) သားကောင်

2.4K 67 10
                                    

ရာသီဥတုသာယာသော နံနက်ခင်း တစ်ခုတွင်

ဆောင်းဦးရာသီ အမဲလိုက်ပွဲတော်ကျင်းပသည့်နေ့သို့ရောက်ရှိလာခဲ့ပါသည်။

ယခုနှစ်ပွဲတော်ကို ရှတူးဒီလာဘယ်ဖရန့်စစ် ရဲတိုက်နံဘေးရှိတောအုပ်လေးတွင် ကျင်းပကြပါသည်။

ဖရန့်စစ်မိသားစုက အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပသည့်ပွဲဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ မင်းမျိုးမင်းနွယ် နိုဘယ်လ်များ လာရောက်ဆင်နွဲကြတော့သည်။

ထိုသစ်တောလေးအနီးတွင် ဧည့်သည်အများတို့ စားကြသောက်ကြ အနားယူကြရန် ရွက်ဖျင်တဲကြီးငယ်လေးများထိုးကာ စီစဉ်ပေးထားပါသေးသည်။

အိမ်ရှင်ဖြစ်သော ဖရန့်စစ်မိသားစုမှ သောမတ်နှင် အလက်ဇန္ဒားတို့ သားနှစ်ယောက်လုံးက ပြိုင်ပွဲတွင်ပါဝင်ကြပြီး

ကျန်တော်ဝင်အိမ်တော်များမှ အမျိုးသားများလည်း လာရောက်ဆင်နွဲကြပါသည်။

တောအုပ်လေးမှ ထင်းရှုးရနံ့ သစ်ရွက်ခြောက်နံ့တို့က ပြိုင်ပွဲဝင်များအား စိတ်အားတက်ကြွအောင် နိူးဆော်နေသယောင်ရှိပြီး . .

ရွှေပွဲလာပရိသတ်များမှာလည်း ရှေးဆန်သောအဝတ်အစား အဆင်တန်ဆာများကို ဝတ်ဆင်၍ သူတို့၏ ကြီးကျယ်ခန့်ညားမှုကို ပြသကြလေသည်။

နိုဘယ်လ်များ အမဲလိုက်ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ ဆုကြေးငွေသည် ပဓါနမဟုတ်၊ အချင်းချင်း အရည်အချင်းပြိုင်၊ အားပြိုင်၊ ဂုဏ်ပြိုင်၊ မာန်ပြိုင်ကြရန်အတွက်ဖြစ်ပြီး

လက်နက်ကို ဘယ်လောက် ကျွမ်းကျင်စွာ အသုံးပြုတတ်သလဲဆိုတာကိုလည်း ထုတ်ဖော်ကြွားသည့်ပွဲဆိုလည်း မမှားချေ။

အမဲလိုက်ပွဲတော်သည် သိုးဆောင်း (သို့) ဥရောပသားတို့၏ထုံးတမ်းစဉ်လာဖြစ်ပြီး ဆုလာဘ်မှာ ရွှေမြေခွေးတစ်ကောင်ပင်ဖြစ်လေသည်။

ရွှေအိုရောင်အဆင်းရှိသော မြေခွေးလေးတစ်ကောင်နှင့်အတူ တောယုန်များစွာကို သစ်တောကြိုးဝိုင်းအတွင်း လွှတ်ပေးပြီး မြင်းစီးမုဆိုးတို့က သူတို့၏အမဲလိုက် ခွေးများနှင့်အတူ သားကောင်ကို လိုက်လံဖမ်းဆီးကြသည့်ပွဲဖြစ်သည်။

Beloved Amara (ချစ်သော အမရာ)Место, где живут истории. Откройте их для себя