အပိုင်း (၁၃) နောင်တ - 🚨

6.5K 99 21
                                    

ယနေ့ပွဲအခမ်းအနားက ဆာဂျွန်နဿန်နှင့် အမရာဘားနက်တို့၏ လက်ထပ်မင်္ဂလာရက်ကို ကြေငြာမည့်အခမ်းအနား. . .

<Music plays: Scent of a Woman: Tango (Por Una Cabeza) by Itzhak Perlman, John Williams, and Pittsburgh Symphony Orchestra>

ထိုခန်းမကြီးအလယ် . . .

ဂန္ဓဝင်တေးဂီတသံလေးက ငြိမ့်ညောင်းနေပြီး၊ စကားပြောသံ ဇွန်းသံခွက်သံ လမ်းလျှောက်သံများဖြင့် စည်ကား ဆူညံနေပါတော့သည်။

ဆာဂျွန်နဿန်က ဌေးကြွယ်ပြီး ရှယ်ချေမိုးနေတဲ့ ဧည့်ခံပွဲကိုပြင်ဆင်ထားတယ်။ ခရစ္စတယ်ကျောက် မီးဆိုင်းကြီးတွေ၊ ပိုးဖဲကတ္တီပါတို့ဆင်မြန်းအပ်တဲ့ နံရံလိုက်ကာတွေ၊ ပြတင်းပေါက်လိုက်ကာတွေ၊ လတ်လတ်ဆတ်ဆတ်ပန်းမျိုးစုံတွေ၊ အလျှံအပယ်အစားအသောက်တွေ၊ နာမည်ကြီး ဖျော်ဖြေရေးအဖွဲ့တွေ. .

ဂုဏ်ဂုဏ်ချင်းထပ်ပြီး မောက်မာပြိုင်ဆိုင်နေကြတဲ့ ဧည့်ပရိသတ်တွေ. .

ဒါတွေရဲ့အလယ်မှာတော့ မျက်နှာငယ်လေးနဲ့ ကြွက်ကလေးတစ်ကောင်လို ညှိုးကုတ်နေတဲ့ အမရာ ဘားနက်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိလေသည်။

အရင်နေ့က အမရာ၏ဆေးစစ်ချက်အောင်ကြောင်း အဖြေထွက်လာခဲ့ပါသည်။

ထို့နောက်အထူးဧည့်သည်တော်များ ဖိတ်ကြားပြီးပါတီပွဲလုပ်ကာ မင်္ဂလာသတင်းကို တရားဝင်ကြေငြာတော့မည်ဖြစ်ပါသည်။

အမရာကကြက်သွေးရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး လှေကားမကြီးမှ တစ်လှမ်းချင်းဆင်းကာ ခန်းမထဲသို့ဝင်လာပါသည်။ သူမခြေလှမ်းလှမ်းသမျှ သွားသမျှ လာသမျှကို မျက်စေ့ဒေါက်ထောက်ပြီး အပြစ်ရှာရန်ကြည့်နေကြသူတွေက ခပ်များများမို့ လှုပ်ရှားမှုမှန်သမျှ. . မျက်နှာအမှုအရာကအစ အထူးသတိပြုနေရသည့် အခြေအနေ. . .

ဆာဂျွန်နဿန်က လှေကားရှေ့တည့်တည့်မှ စင်ပေါ်တွင်ရောက်ရှိနေပြီး အမရာ့ကို လက်အမူအရာနှင့် လှမ်းခေါ်လိုက်ပါသည်။ ထိပ်ကပြောင်ပြောင်ဆံပင်ကဖွေးဖွေးဆိုပေမယ့် သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး tuxedo အနက်ရောင်ဝတ်စုံဝတ်ဆင်လိုက်တော့ ကြည့်ပျော်ရှုပျော်ရှိပါသေးသည်။

Beloved Amara (ချစ်သော အမရာ)Where stories live. Discover now