အပိုင်း (၁၇) အမုန်းသံယောဇဉ်

8.3K 189 55
                                        

အလက်ဇန္ဒားတစ်ယောက် အမရာဆိုတဲ့ အညတရပန်းလေးတစ်ပွင့်ကို ရက်ရက်စက်စက် နင်းချေပြီးမှ အားရကျေနပ်စွာ အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

အပြင်မှာလည်း အခါးသီးဆုံးတွေက သူ့အတွက်စောင့်ကြိုနေမှာ သေချာပေသည်။ သို့သော် အမရာ့ဘဝလောက်တော့ သူ့အနာဂါတ်က ခါးသီးမည်မဟုတ်. . .

အောင်မြင်ခြင်းဆိုတာဟာ လူကိုတကယ်ပျော်ဝင်မူးယစ်စေတတ်တာ အမှန်ပါ

ရန်သူတော်ကြီးကို ကိုယ့်လက်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ ဖျက်စီးလိုက်ရတဲ့အရသာ

သူမရဲ့မျှော်လင့်ချက်မဲ့နေတဲ့အကြည့်

အမရာ၏ကျဆုံးခန်းအားလုံးဟာ အလက်ဇန္ဒားကို ပြည့်ဝကျေနပ်မှုအတိ ပေးစွမ်းနိုင်လေသည်။

တံခါးနှစ်ချပ်ကို တွန်းဖွင့်လိုက်သည်နှင့် vassal တစ်ဖွဲ့လုံးက အခန်းအပြင်မှာ ဝိုင်းထားကြလေပြီ. .

အလက်ဇန္ဒားက အပေါ်အကျီၤမပါဘဲထွက်လာပြီး၊ ဝတ်ရုံကိုကျောကုန်းမှာလက်ညှိုးလေးဖြင့် ချိတ်ရင်း ခပ်ပြုံးပြုံးကြည့်လိုက်သည်။

သူတို့မျက်နှာတွေ တစ်ယောက်မှမကောင်းကြပေ။ ဟိုးထောင့်ဆုံးမှာ ယူလီရာဆိုသည့်အိမ်ဖော်မက မျက်ရည်စိုရွှဲနေသော မျက်ထောင့်နီကြီးနှင့် အလက်ဇန္ဒားကို စိုက်ကြည့်ကာ၊ ကိုယ့်နူတ်ခမ်းကိုယ် ပေါက်မတတ်ကိုက်ထားသေးသည်။ အလက်ဇန္ဒားထွက်လာသည်နှင့် သူမကလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဘာစကားမှမပြောဘဲ အခန်းထဲသို့ ဝင်သွားလေသည်။ သူမရဲ့အကြည့်တွေက လူသတ်သမားတစ်ယောက်လို စူးတောက်နေသည့် လေဆာအကြည့်တွေ

အလက်ဇန္ဒားက နဖူးမှဆံပင်ကိုသပ်တင်လိုက်စဉ်. .

"မင်္ဂလာပါ မီလော့ (Bonjour, Milord)"

အားလုံးက သူ့ကိုတညီတညွှတ်ထဲ ဦးညွှတ်ကာနူတ်ဆက်လိုက်ကြသည်။

မူခင်းတရားခံ တစ်ယောက်လို ဆဲဆိုရိုက်နှက်ပြီး အဖမ်းဆီးခံရဖို့အထိမှန်းထားသော အလက်ဇန္ဒား၏ မျက်လုံးများ နားမလည်နိုင်လောက်အောင် အေးခဲသွားပြီး. .

"Milord? (သခင်ကြီး?)"

အလက်ဇန္ဒားတို့ နားမလည်နိုင်သဖြင့် နှစ်ခါပြန်မေးမိလေသည်။

Beloved Amara (ချစ်သော အမရာ)Where stories live. Discover now