အပိုင်း (၅၂) Paris - မယားထိ ဓါးကြည့်

5.6K 153 20
                                        

သူတို့နှစ်ကောင် နောက်လှည့်လိုက်ချိန်တွင် အဲလက်စ်၏ မီးတဝင်းဝင်းတောက်လောင်နေသော k*ller မျက်လုံးတွေကို မြင်လိုက်ရလေသည်။

"မင်းတို့ဘာပြောလိုက်တယ်"

တစ်ယောက်က မျက်နှာပျက်နေသော်လည်း နောက်တစ်ယောက်က ဘာမှမမှားသလိုပုံစံနှင့် ပြန်ဖြေလေသည်။

"ငါပြောတာက. . . မိန်းမတွေက အထီးကျန်ရင် နှစ်သိမ့်ပေးမယ့်လူလိုတဲ့အကြောင်းပြော"

ခွပ်. .

သူ့စကားမဆုံးခင်မှာပင် အဲလက်စ်ရဲ့လက်က မျက်ခွက်ကိုထိုးပြီးသွားခဲ့ပြီ

ထိုလူလည်း မေးရိုးကနေ ပူခနဲဖြစ်သွားပြီး မျက်လုံးထဲ ရုတ်တရက် ကြယ်တွေလတွေ မြင်သွားရလေသည်။

ထိုအခါမှ ဘေးကလူတွေက ငြိမ်မနေဘဲ သူတို့ကိုအတင်းဝင်ဆွဲကြ၏။ အဲလက်စ်ရဲ့လက်တွေက ထိုသူရဲ့ကော်လာကို ဆုပ်ကိုင်ထားစဲ

"ဟေ့ရောင် ခွေးသား. . .မင်းငါ့မိန်းမကို အဲလိုပြောရဲတယ်ဟုတ်လား"

ခွပ်. . (အားလုံးဝိုင်းချုပ်ထားသည့်ကြားမှ နောက်တစ်ချက်ထပ်ထိုး)

"ငါ့မိန်းမကိုများ မင်းက လာနှစ်သိမ့်ပေးချင်တာပေါ့လေ"

အခြားသူများက သူတို့နှစ်ယောက်ကို ဝေးသည်ထက်ဝေးအောင် ခွဲလိုက်ကြပြီ။

"ဟာ. . ခွေးမသား ငါလုပ်လိုက်ရ"

အဲလက်စ်က ချုပ်ထားသည့်ကြားမှ ပြန်အော်ရင်း နောက်ထပ်အတင်းပြောတဲ့တစ်ကောင်ကို ခြေထောက်နဲ့ လှမ်းကန်လိုက်သေး၏။

'အဲလက်စ် တော်ပါတော့ကွာ'

သူ့သူငယ်ချင်းတွေ ဝိုင်းဆွဲနေရင်းမှ အဲလက်စ်က လူတွေကြားက လွတ်သွားပြီး နောက်တစ်ယောက်ကို ဘားကောင်တာအောက်နားအထိရောက်အောင် ဆောင့်၍ဆောင့်၍ ကန်လေသည်။

အထိုးခံလိုက်ရသော တစ်ယောက်မှာ သူ့နူတ်ခမ်းကွဲသွားတဲ့နေရာက သွေးတွေကိုလက်ကိုင်ပုဝါဖြင့်ဖိရင်း

"မဟုတ်ပါဘူးကွာ. . . တော်ပါတော့. .

အထင်မလွဲပါနဲ့ ငါတို့ပြောတာ မရိုးမသားသဘောနဲ့ ပြောတာမဟုတ်ပါဘူး"

Beloved Amara (ချစ်သော အမရာ)Opowieści tętniące życiem. Odkryj je teraz