ဟိုတယ်အခန်းထဲသို့ သူတို့ပြန်ရောက်လာကြပြီးနောက်. .
အဲလက်စ်က ထိုဆွဲကြိုးဘူးလေးကို သူ့အိတ်ထဲသို့ပြောင်းထည့်လိုက်သည်။ ထို့နောက်. .
အိတ်ကိုပိတ်ပြီး သက်ပြင်းတစ်ချက်ချကာ၊ အမရာထိုင်နေသော အိပ်ရာဘေးသို့ ဝင်ထိုင်လိုက်လေသည်။
"ရာရာ. . . မောင် မနက်ဖြန်ကျရင် ခရီးသွားစရာရှိတယ်. . . ၂ ရက်လောက်ကြာမယ်"
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
'ခရီး? ဟုတ်လား. . . အခု ကျွန်မတို့ခရီးထွက်နေကြတာပဲ မဟုတ်ဘူးလား'
"အင်း. . . ဟုတ်ပါတယ်။ ဒါပေမယ့် ဒီ ၂ရက်က မောင်တစ်ယောက်ထဲ သွားရမယ့်ခရီး"
အမရာက ကုတင်ပေါ်မှာထိုင်နေရင်း အိပ်ရာခင်းကို လက်သည်းနှင့်ကုတ်ကာ
'ဘယ်ကိုသွားမလို့လဲ'
"Marseilles (မာဆေလ်း) ပါ"
သူမဒေါသတွေ အလိုလိုထွက်လာမိသည်။
'အီစဘဲလ်နဲ့ သွားတွေ့မလို့မှတ်လား'
သူမအသံတွေက တိကျပြတ်သားပြီး နာကျည်းမှုများစွာ ပါဝင်နေသည်။ အဲလက်စ် ပါးစပ်အဟောင်းသားဖြစ်သွားပြီး
"အာ. . . အဲ့ဒါ. . အဲဒါက"
'အခုဝယ်လာတဲ့ ဆွဲကြိုးကရော. . . မနက်ဖြန် ယူသွားဖို့လား'
"ဟူး. . . "
အဲလက်စ်က မျက်စိဆုံမှိတ်ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။
"ဟုတ်တယ် ရာရာရယ် မောင်"
ဖြောင်း (ပါးရိုက်သံ)
အဲလက်စ်စကားမဆုံးခင်မှာပင် အမရာက အဲလက်စ်ကို ပါးချလိုက်လေသည်။
'ရှင်. . . တော်တော်မျက်နှာပြောင်တဲ့သူပဲ. .
လွန်ခဲ့တဲ့ ၂ နာရီလောက်ကတင် ရှင်ကျွန်မကို ခြေသလုံးဖက်ပြီး တောင်းပန်ခဲ့တယ်
KAMU SEDANG MEMBACA
Beloved Amara (ချစ်သော အမရာ)
Romansaငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
