အပိုင်း (၅၀) Paris - အချစ်မြို့တော် (Warning) 🚨🚨

6.7K 186 28
                                        

ဒုန်း ဒုန်း ဒုန်း (တံခါးခေါက်သံ)

"မဒမ်" (ယူလီရာ၏အသံ)

ဒုန်း ဒုန်း ဒုန်း (တံခါးခေါက်သံ)

"မဒမ်. . နိူးပြီလားရှင်"

အမရာလည်း အိပ်ရာမှထကာ တံခါးဆီသို့ ဖြည်းဖြည်းချင်း သွားရလေသည်။ မနေ့က အိပ်ရာဝင်နောက်ကျလို့ပဲလား အရက်ကြောင့်ပဲလားမသိ. . ခေါင်းတွေက ကိုက်နေတုန်းပဲ. .

တဒိန်းဒိန်းခုန်ေနတဲ့ နားထင်က သွေးကြောကိုဖိပြီး တံခါးကိုဖွင့်ကြည့်လိုက်တော့. .

အပြင်မှာ ယူလီရာက အပူရုပ်နှင့် သူမကိုကြည့်နေလေ၏။

'ဘာလဲ. . ငါတို့နောက်ကျနေပြီမို့လား'

ယူလီရာက ဘာစကားမှမပြောဘဲ အခန်းထဲသို့ဝင်လာပြီး တံခါးကိုအမြန်ဆွဲပိတ်လိုက်သည်။

"မဒမ်. . . အာဒမ်ရော"

'ဟင်. . .အာဒမ်က သူ့အခန်းမှာသူရှိမှာပေါ့။ ငါဘယ်သိပါ့မလဲ'

"သူမနေ့က ဒီကနေဘယ်ချိန်ပြန်သွားတာလဲဟင်"

'ဟဲ့. . ယူလီရာ နင်ငါ့ကိုဘာတွေလာပြောနေတာလဲ. . ဘာကိစ္စ အာဒမ်ကမနေ့က ဒီကိုလာရမှာလဲ'

"မဒမ်. .. မဒမ် မသိဘူးလား. . အခုပြဿနာအကြီးကြီးတက်နေပြီ"

အမရာလည်း မျက်လုံးပြူးသွားပြီး

'ဘာ. . . ဘယ်လို'

"ဒီမှာ သတင်းတွေတက်လာပြီ မဒမ်လည်း ကြိုသိရအောင် ကျွန်မလာပြောတာ. . လောဒ့်ကိုလည်း ကျွန်မဘယ်လိုရှင်းပြရမလဲဆိုတာ မသိတော့ဘူး"

အမရာတစ်ယောက် သတင်းခေါင်းစဉ်ကိုမြင်သည်နှင့် သွေးတက်သွားလေသည်။ လက်တွေလည်း အေးစက် တုန်ရင်နေအောင် ကြောက်နေမိပြီ။

= = = = =

ဒက်ချက်စ်ရဲ့အိပ်ခန်းထဲ ညဘက်ဘယ်သူရောက်နေသလဲ

မနေ့ညက ဘဲလ်မွန် အဆင့်မြင့်ဇိမ်ခံရထားပေါ်ဝယ် အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်းကို ဓါတ်ပုံသက်သေများနှင့်တကွ သတင်းရရှိထားပါတယ်ခင်ဗျာ။ ဖရန့်စစ်မိသားစုရဲ့ လောလောလတ်လတ် ဒက်ချက်စ်အသစ်လေး အမရာဟာ Vassal မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ မစ္စတာ ကူးပါးလ်နဲ့ ရထားပေါ်က ဘားထဲမှာ လက်ချင်းတွဲနေကြတဲ့ပုံတွေ၊ တရင်းတနှီးအရက်သောက် ကြရင်း အပြုံးတွေဖလှယ်ကာ တီးတိုးစကားလေးတွေ နှစ်ကိုယ်ကြားဆိုခဲ့ကြတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

Beloved Amara (ချစ်သော အမရာ)Where stories live. Discover now