အပိုင်း (၄၄) Venezia - အကြမ်းဖက်တဲ့ ကိုအဲလက်စ် (Warning) 🚨🚨

6.6K 163 7
                                        

အဲလက်စ်က ဒေါသမျက်လုံးနီနီကြီးတွေနှင့် သူမကိုကြည့်ကာ

"မင်း. . . မင်း. . "

ရှုးရှုးရှဲရှဲဖြင့် သေနတ်ကိုပြန်ဆွဲထုတ်လိုက်ပြီး ဘေးကအုတ်နံရံကို ချိန်လိုက်လေသည်။

ဒိုင်း. . . ဒိုင်း. . . ဒိုင်း. . ဒိုင်း (ကျည်ဆက်တိုက် ဖောက်သံ)

အမရာ့ကို အစိမ်းလိုက်စားတော့ဝါးတော့မလို မျက်လုံးတွေနဲ့ နာနာကျည်းကျည်းကြည့်ရင်း ကျည်ဆန်တွေ မကုန်မချင်း အဆက်မပြတ် ပစ်နေတော့တာ. . .

ခွမ်း . .. ခလွမ်း. . . ချလွမ်း. . (မှန်ကွဲသံ)

နံရံပေါ်တွင်ချိတ်ဆွဲထားသော ပန်းချီကား၊ မှန် စသည်တို့လည်း ကွဲပြိုကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်လေ၏။ မှန်တိုမှန်စတွေ လွှင့်စင်ထွက်လာကြပြီ. . .

အမရာလည်း သေနတ်သံဆူဆူညံညံတွေ ကြားထဲမှ အဲလက်စ်၏အောက်ဝယ် ပက်လက်ကလေး အံကိုကြိတ်ကာ. . .မျက်စေ့အတင်းမှိတ်ထားနိူင်ရုံမှအပ တခြားမရှိ။

ကြားနေရတဲ့ သေနတ်သံအချက်စီတိုင်းဟာလည်း သူမကိုရည်ရွယ်ပြီး ပစ်နေသလိုမျိုး. . .

နောက်ဆုံးတော့ သေနတ်ထဲ ကျည်တွေကုန်သွားခဲ့ပြီ။

အဲလက်စ်လည်း ကျည်ဆန်ကုန်သည်နှင့် အမရာ့ပါးလေးတွေကို လက်တစ်ဖက်ထဲဖြင့်ညှစ်ကာ. .

"မင်း. . . . တော်တော် လူပါးဝပြီး. . . ယောက်တက်တဲ့မိန်းမပဲ. . .

ငါမင်းကို မသတ်ရက်ဘူးဆိုတာသိလို့. . . ငါ့အပေါ်လူပါးဝတာနေတာမှတ်လား"

'မဟုတ်ပါဘူးရှင်. . . ကျွန်မကို ရှင်ပိုင်နေပြီပဲ. . . ရှင်သတ်လည်း သေရုံပဲရှိပါတယ်. . ကျွန်မဘာမှ မငြင်းဆန်နိုင်ပါဘူး' (ငိုလျက်)

အမရာတစ်ယောက် အဲလက်စ်ဆီကို လိမ်လိမ်မာမာပြန်လာမိသည့်အတွက် နောင်တကြီးစွာ ရရှိနေပြီ။

>>အစောထဲက လွတ်နိုင်မယ့်တစ်နေရာကို ထွက်သွားရင်ထွက်သွား. .၊ ဒါမှမဟုတ်လည်း သတ်သေလိုက်ရမှာ<<

"ငါ ရှိသမျှကျည်ဆန်တွေကို ဘာလို့ကုန်အောင်ပစ်လိုက်ရလဲသိလား. . .

Beloved Amara (ချစ်သော အမရာ)Donde viven las historias. Descúbrelo ahora