ဂရိနိုင်ငံ၏ မြေထဲပင်လယ်ရေပိုင်နက်အတွင်းတွင် ကျွန်းငယ်ပေါင်းများစွာရှိသည့်အနက် ဆန်တိုရီနီကျွန်းမှာ ဟန်းနီးမွန်းကျွန်းဟုပင် တင်စားရလောက်အောင် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားသော ကျွန်းတစ်ခုဖြစ်သည်။ နေရောင်ခြည်ကိုလည်း ကောင်းစွာရရှိသည့်အပြင် နွေရာသီတွင် အပူချိန် 30 ဒီဂရီစင်တီဂရိတ်အထိ ရှိတတ်ပါသည်။
အပြာရောင်နှင့် အဖြူရောင်အဆင်းကြား ဂရိအလံကိုကြည့်လိုက်သည်နှင့်
နီလာကဲ့သို့ ပြာလဲ့တောက်ပနေသော ရေပြင်နှင့် ဖြူလွင်သောအဆောက်အဦးလေးများကို ပြေးမြင်မိမှာ အသေအချာပင်ဖြစ်ပါသည်။
ဆန်တိုရီနီကဲ့သို့ပင် ရတနာများကဲ့သို့ လှပစွာအဖိုးတန်သော အခြားကျွန်းဆွယ်အများအပြားလည်း ရှိပါသေးသည်။ ကိုရီးယားဒရမ်မာ DOTS ဇာတ်လမ်းတွဲတွင်ပါဝင်ခဲ့သော Shipwreck ရှိရာ Zakynthos ကျွန်းသည်လည်း ဆန်တိုရီနီကဲ့သို့ အလားတူအထင်ကရ ကျွန်းတစ်ကျွန်းပင် ဖြစ်လေသည်။
လက်တင်ဘာသာအရ San ဆိုသည့်ဝေါဟာရမှာ အင်္ဂလိပ်လို စိန့် (Saint) ဘုန်းတော်ကြီးဟု အဓိပ္ပါယ်ရပြီး Santorini သည် ယခင် (Irini) အိုင်ရင်းနီဘုန်းတော်ကြီးကျောင်းရှိခဲ့သည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်လေသည်။
ဆန်တိုရီနီဟု ပြောလိုက်သည်နှင့် ပင်လယ်ပြာကြီးဘေးမှ မတ်စောက်သောတောင်စောင်းပေါ်တွင် ဆင့်ကာဆင့်ကာ တည်ဆောက်ထားသော ဖြူဖြူပြာပြာ အဆောက်အဦးလေးများကို မျက်စိထဲတန်းမြင်ကြပေလိမ့်မည်။
အဖြူရောင်မှာ လူနေအိမ်နှင့် စားသောက်ဆိုင်၊ ဟိုတယ်၊ Villa အစရှိသည်များဖြစ်ကြပြီး၊ အပြာရောင်ခေါင်မိုးမှာ ဘုရားကျောင်းဖြစ်လေသည်။
ထို့ကြောင့် ရှုခင်းတွင် အဖြူရောင်အဆောက်အအုံများကို များများမြင်ရ၍ အပြာရောင်ခေါင်မိုးလုံးလုံးလေးတွေကို အနည်းငယ်သာတွေ့ရခြင်းဖြစ်လေသည်။
မြို့တော်မှာ Fira ဖြစ်ပြီး၊ ကိုးကွယ်ယုံကြည်မှုမှာ Orthodox ခရစ်ယာန်ဘာသာ ဖြစ်ပါသည်။
အေသင်မှ ဆန်တိုရီနီကျွန်းကို Aegean ပင်လယ်ကူးသင်္ဘောနှင့် နေ့ချင်းရောက်အောင် သွားနိုင်သလို လေယာဉ်ပျံနှင့်လည်း ရောက်ရှိနိုင်ပါသည်။ အေသင်-ဆန်တိုရီနီ သင်္ဘောလိုင်းများမှာ တစ်နေ့ ၂ကြိမ် အစုန်အဆန်ပြေးဆွဲပြီး ထောင်ချီသောခရီးသည်များ၊ ကားများ၊ ကုန်ပစ္စည်းများကိုပါ တင်ဆောင် သွားနိုင်ပါသည်။
ВЫ ЧИТАЕТЕ
Beloved Amara (ချစ်သော အမရာ)
Любовные романыငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
