အမရာ ပြန်နိူးလာတော့ ခေါင်းတွေ အရမ်းကိုက်နေပြီ။
လူကလည်း ဘာကြောင့်မှန်းမသိ တစ်ကိုယ်လုံး မံမီလို တင်းကြပ်နေတာ
မျက်လုံးတွေ မနည်းအားတင်းပြီး ဆွဲဖွင့်လိုက်တော့
မျက်နှာကို ဇာအနားသပ်ကလေးတွေပါတဲ့ မျက်နှာဖုံးတစ်ခုနဲ့ အုပ်ထားတာကို သတိထားမိသည်၊ မျက်နှာဖုံးမှာ တစ်ခေါင်းလုံးလုံအောင်စွပ်ထားပြီး ဘယ်ဖက်မျက်လုံးအောက်ကနေ ညာဘက်ပါးအဆုံးထိ တစောင်းလေး ဖုံးအုပ်ထားခြင်းဖြစ်သည်။
နှာခေါင်းနှင့် ပါးစပ်တို့ကိုတော့ ဖော်ပေးထား၏။
ပိတ်စကအဖြူရောင်မို့ အပြင်ကို သေချာမမြင်နိူင်သော်လည်း ခပ်ရေးရေးတော့ မြင်ရလေသည်။
>>အဲလက်စ်. .ရှင်ကျွန်မကို ဘာတွေလုပ်ပြန်ပြီလဲ<<
အဲလက်စ်က အမရာ့အတွက် စက်ဝိုင်းပုံ သံ frame လေးတစ်ခု မှာထားပါသည်။ ဘေးနားမှာလည်း သံဘောင်နှစ်ခုနှင့် ချိတ်ဆက်ထားပြီး အပေါ်အောက်ကို အနိမ့်အမြင့် ပြုလုပ်နိူင်ပါသည်။
လူကို ဖဲစအဖြူရောင်များနှင့် Pilates ဆော့လို့ ပတ်သလို သံစက်ဝိုင်းအလယ်တွင် အထပ်ထပ်ရစ်ပတ်ထား၏။ အမရာ့မှာ မိခင်ဝမ်းတွင်းမှ သန္ဓေသားလေးလို ဒူးနှစ်ဖက်က ရင်မှာအပ်ပြီး ခြေနှစ်ဖက်ကို ကွေးကွေးလေး ဘယ်ညာယှက်လျက် ထိုင်နေသည့်အနေအထား
တချိန်ထဲမှာပင် သူမ၏လက်များကို အနောက်သို့ပစ်၍ ချီထားပြန်သည်။
တစ်ကိုယ်လုံးမှာ ပိတ်စလွတ်နေသည့်နေရာဆို၍
၂နေရာသာ ရှိ၏။
နှာခေါင်းနေရာမှ မေးစေ့အထိ တစ်နေရာ၊
စမူဆာနေရာလေးကိုမှ တြိဂံပုံလေးကွက်ပြီးချန်လှပ်ထားသည်က တစ်နေရာ
စုစုပေါင်း ၂ နေရာက လေသလပ်၍အေးနေလေသည်။
"နိူးပြီလား ကြယ်ငါးလေး"
အဲလက်စ်က ပင့်ကူအိမ်ထဲမှာ လိပ်ပြာဖြူလေးမိနေသလို လှုပ်မရနိူင်သော အမရာကို ပြုံးရင်းမေးလိုက်သည်။
'ကြယ်ငါးဟုတ်လား'
အိပ်ရာထဲတွင် ကိုယ့်ယောကျ်ားကိုယ် မပြုစုဘဲ ပြုသမျှနုပြီး ဘာမှမတုံ့ပြန်သော ပက်လက်ခံ မိန်းမသားများကို ကြယ်ငါးဟုတင်စားလေ့ ရှိကြသည်။
VOCÊ ESTÁ LENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
