အပိုင်း (၃၅) Naploi - That's Amore

4.9K 139 19
                                        

 Bawwwww (သင်္ဘောဥသြဆွဲသံ)

အဝေးမှ သင်္ဘောတစ်စီး ဥသြဆွဲသံကို ကြားသည်နှင့်အတူ အမရာလေး ပြန်လည်နိူးထလာပါသည်။

ဒီတစ်ခါတော့ အိပ်ရာပေါ်မှာ လူလိုသူလိုအိပ်နေရရင်း နိူးလာရတာပါ။

>>ဂျီးဆပ်. . ဟာလေလူးရာ<<

မနက်မနက်ကို အိပ်ရာကနေ အကောင်းအတိုင်း ပြန်နိူးထလာရတာကိုတောင် ကိုယ့်အတွက် Blessing တစ်ခုလို ဖြစ်နေရပြီ။

သူမမျက်စိပွင့်သည်နှင့် ကုတင်ခြေရင်းမှာ ရပ်နေသည့် အဲလက်စ်ကို တွေ့ရလေသည်။

"နိူးပြီလား မောင့်ရဲ့ Sleeping Beauty လေး. . "

ထိုအသံကိုကြားလိုက်သည်နှင့်အမရာ့မျက်နှာ အလိုလိုပြန်တည်သွားမိပါတော့သည်။

အဲလက်စ်က အဝတ်အစားများ သေသေချာချာပြန်ဝတ်ပြီးနေပြီ။ အကျီလက်ကို ကြယ်သီးတပ်နေပုံကြည့်ရတာ ရေပါချိုးပြီးသွားဟန်တူ၏။

"ကဲ ထတေ့ာ. . မောင်တို့ကမ်းကပ်ပြီ

ခဏနေ ယူလီရာကိုလွှတ်လိုက်မယ်နော်. . မင်းလည်းပြင်ဆင်လို့ရအောင်"

ဟုပြောကာ သူမနှဖူးလေးကို ခပ်ဖွဖွနမ်းရင်း ထွက်သွားလေသည်။

အဲလက်စ်ဆီမှ မွှေးပျံ့သော aftershave ရနံ့လေးတစ်ခုနှင့်အတူ CREED aventus ရေမွှေးနံ့လေးကို နှာခေါင်းထဲမှာ ရိပ်ခနဲရလိုက်၏။

အဲလက်စ်ဟာ အပြင်ပန်းကကြည့်ရင် တကိုယ်လုံး မာယာတွေနဲ့ပြည့်ပြီး အရမ်းဆွဲဆောင်မူရှိတဲ့ယောကျ်ားတစ်ယောက်

ရုပ်ဖြောင့်ဖြောင့် body တောင့်တောင့်ကိုမှ အဝတ်အစားကလည်း သန့်ပြန့်နေအောင် ဝတ်ဆင်ထားတာမို့ ရုပ်ပိုင်းဆိုင်ရာအရ ကြည့်ရင်လည်း အဲလက်စ်က စွဲမက်စရာ အပြည့်ပါပဲ။

အကယ်၍သာ အဲလက်စ်ကို အခုမှစတွေ့တဲ့မိန်းကလေး တစ်ယောက်သာဆို မြင်မြင်ချင်းကို သဘောကျသွား နိူင်လောက်ပါတယ်။

ဒါပေမယ့် ကျွန်မကတော့ အဲလက်စ်ကြောင့် လူကောင်ကြီးကြီး ယောကျ်ားတွေကို မြင်ရင်တောင် ကြောက်နေပါပြီ။

သူ့ရဲ့မျက်ဝန်းတွေက ပင်လယ်သမုဒ္ဓရာလို ပြာလဲ့နက်မှောင်နေပေမယ့် သူ့အကြည့်တွေကတော့ ထာဝရ ပူပြင်းဆာလောင်နေကြပါတယ်။

Beloved Amara (ချစ်သော အမရာ)Where stories live. Discover now