အပိုင်း (၁၅) အဆိပ်မှို - Warning 🚨

6.1K 108 34
                                    

"သခင်ကြီးက မင်းကိုသူ့ရဲ့ဇိမ်မယ်တစ်ယောက်သာသာပဲ သဘောထားတယ်ဆိုတာ မင်းသိရဲ့လား"

အဘိုးလူသာ၏ ဒေါသမျက်လုံးတွေက ပြန်ကြည့်လိုက်ရင်ဖြင့် ပြာကျသွားတော့မလိုကို စူးရှတောက်လောင်နေသည်။ အမရာ့ကို ကပွဲခန်းမကနေ ပန်းချီဆွဲခန်းအထိ ခေါ်လာခဲ့ပြီးမှ လက်ထဲမှာ တုတ်ကောက်ကြီး တပြင်ပြင်ဖြင့် ကောင်းကောင်းကြီး ဆူပူမာန်မဲလေတော့သည်။

'ရှင်. . '

"မင်းကိုယ်မင်း မြို့စားကတော်ဖြစ်တော့မယ်ဆိုပြီး ဇောင်းကြွမနေနဲ့. .

မင်းကအခုထိသူ့ရဲ့တရားဝင်ဇနီး မဖြစ်သေးဘူးကွ. . .

အချိန်မရွေးဒုက္ခရောက်သွားနိုင်တယ် ဘာမှတ်နေလဲ. .

မင်း. ."

အမရာ့ကို တုတ်နှင့်ရိုက်ရန် ရွယ်လိုက်ပြီးတော့မှ

"မင်း. . . မင်းက သူနဲ့လက်မထပ်ရသေးဘူး။ ဟုတ်သားပဲ. . . ကြင်ယာတော်လောင်းအဆင့်ပဲ ရှိသေးတာ. . "

အဘိုးလူသာ၏ လေသံပြန်ပျော့သွားသည်။ လက်ထဲမှ တုတ်ကောက်ကို ပြန်ချကာ. . .

"ငါ မင်းကိုအခုချိန်မှာ ရိုက်နှက်မဆုံးမချင်ဘူး။ ဒါမင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပဲ။

မင်းမြို့စားကတော် ဖြစ်သွားပြီဆိုရင်တော့ ဒီလိုအပြုအမူတွေ လုပ်လို့မရတော့ဘူး၊ ဆင်ခြင်ရမယ်။ မြို့စားကတော်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ နေမှရမယ်. . ကြားလား"

'ဟုတ်ဟုတ်'

အဘိုးလူသာက ထိုင်ခုံမှာ ပြန်ထိုင်ရင်း

"ဟူး. . . သခင်ကြီးကတော့ မင်းကိုတော်တော်စိတ်ပျက်နေလောက်ပြီ။ ပြီးတော့ အဲ့ဒီ့အမှိုက်လိုကောင်ကို သွားမပတ်သက်ပါနဲ့လို့ ငါဘယ်နှခါပြောရမလဲ။ မင်းကြောင့် ငါတို့ဘားနက်မျိုးရိုး သိက္ခာကျတော့မှာပဲ . . . .."

'သမီး သူနဲ့သွားပတ်သက်ချင်လို့ ပတ်သက်တာမဟုတ်ပါဘူး'

"မလိမ်နဲ့ အမရာ. မင်းသူ့ကို ကပွဲခန်းမလယ်မှာသွားဆွဲတာ ငါ့မျက်စေ့နဲ့တပ်အပ်မြင်လိုက်တယ်။ မင်းပဲဇာတ်လမ်း သွားစခဲ့တာမှတ်လား"

Beloved Amara (ချစ်သော အမရာ)Donde viven las historias. Descúbrelo ahora