အပိုင်း (၂၄) Amsterdam - Love At First Sight

2.4K 118 21
                                    

"ဟာ. . .ဒါတွေက တကယ်အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေပါဗျ။

ကျွန်တော်တို့ ဇနီးမောင်နှံရဲ့ ချစ်ခြင်းကို ပြိုကွဲစေချင်လို့ တမင်လူတွေအထင်လွဲအောင် လုပ်ယူထားတဲ့ သတင်းတွေပါ။

အဲ့ဒီ့နေ့က ကျွန်တော့်မိန်းမတုပ်ကွေးဖြစ်နေလို့ ကျန်းမာရေးအရ မနမ်းဖြစ်ခဲ့၊ မကဖြစ်၊ အိပ်ဆောင်မကူးခဲ့တာပါခင်ဗျ"

အမရာတစ်ယောက် သောက်ထားတဲ့ရေတောင် ပြန်သီးချင်သလိုဖြစ်သွားမိသည်။

>>တုပ်ကွေးဟုတ်လား. . နင်ငါ့ကို သချိုင်းကုန်းမှာ ညဘက်ကြီးဒူးထောက်ခိုင်းလို့ အအေးပတ်ပြီး ဖျားတာလေ. . ဘာတုပ်ကွေးလဲ. . ငါလုပ်လိုက်ရ<<

'ဒါဆို မင်္ဂလာပွဲမှာ ဆဲဆိုခဲ့တာနဲ့ ပတ်သက်ပြီးတော့ရော'

"ဟုတ်ပါတယ်။ အစမှာ ကျွန်တော်တို့ချင်း အထင်လွဲမှားမှုအနည်းငယ်နဲ့အတူ အသေးအမွှား ပရိပက္ခလေးတွေရှိခဲ့တာ ကျွန်တော်မငြင်းလိုပါဘူး။ သူနဲ့ကျွန်တော်နဲ့က လူမျိုးမတူ နောက်ခံယဉ်ကျေးမှုမတူတဲ့ လူစိမ်းနှစ်ယောက်ကိုး. .။ လူဆိုတာ အသားကျဖို့ အချိန်တစ်ခုတော့ လိုကြတာချည်းပဲလေ. . ။

အခုခင်ဗျားတို့မြင်တဲ့အတိုင်းဘဲ။ ကျွန်တော်တို့အိမ်ထောင်ရေးဟာ အရမ်းသာယာပါတယ်ခင်ဗျ။"

'ဟုတ်ကဲ့ပါ. .အခုလိုကြားရတာ ဝမ်းသာပါတယ်ဗျ. .

ဒါပေမယ့် ကျွန်တော်တို့တွေ ကြားသိရသလောက်ကလည်း မြို့စားကတော်ဟာ. . အစက ယခင်မြို့စားမင်းနဲ့ လက်ထပ်ဖို့သဘောတူထားတဲ့သူလို့ သိထားပါတယ်။

ယခင်မြို့စားမင်းမကွယ်လွန်ခင်မှာပင် ဧည့်ခံပွဲလုပ်ပြီး ၂ ပတ်အတွင်းလက်ထပ်တော့မယ့်အကြောင်း ကြေငြာခဲ့သေးတာမဟုတ်လားဗျ

အဲ့တာကြောင့် မြို့စားမင်းက ဖခင်ဈာပနအပြီးမှာ ယခင်မြို့စားမင်းရဲ့ကြင်ယာတော်လောင်းကို ကောက်ခါငင်ခါ လက်ထပ်လိုက်ခြင်းဟာ နောက်ထပ်အကြောင်းပြချက်ရှိလိမ့်မယ်ဆိုပြီး အများကဝေဖန်လာကြတာပဲ ဖြစ်ပါတယ်။'

"သြော်. . . ဘေးကလူတွေကလည်း ခက်ပါရဲ့ဗျာ. . ။

ကျွန်တော်မြို့စားကတော်ကို မြင်မြင်ချင်းပဲ ချစ်မိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်အဖေနဲ့ မင်္ဂလာကိစ္စ ကြောင်းလမ်းထားသူဖြစ်နေတော့ ကျွန်တော် အလွန်ပဲကြေကွဲခံစားခဲ့ရပါတယ်ခင်ဗျ။

Beloved Amara (ချစ်သော အမရာ)Donde viven las historias. Descúbrelo ahora