အပိုင်း (၁၉) Till Death Do Us Part / ရိုးမြေကျ

3.8K 111 43
                                    

အလက်ဇန္ဒားဖရန့်စစ်နှင့် အမရာဘားနက်တို့၏ မင်္ဂလာပွဲကို ဖရန့်စစ်ရဲတိုက်ရဲ့အနောက်က နော်ထရီဒမ် ဘုရားကျောင်းမှာပဲ သိုသိုသိပ်သိပ်ကျင်းပလိုက်ကြပါသည်။

ဘုရားကျောင်းထဲမှာ ဆီမီးတွေထိန်ထိန်ငြီးလို့ နွေးနွေးထွေးထွေးဖြစ်နေပေမယ့် အမရာကတော့ အဖျားသွေးရှိနေသေးတာမို့ ချမ်းစိမ့်စိမ့်ဖြစ်နေစဲပါ. . .

သိုသိုသိပ်သိပ်ဆိုသော်ငြားလည်း ကြွရောက်လာကြတဲ့ ဧည့်သည်တော်တွေထဲမှာ နိုဘယ်လ်အသိုင်းအဝိုင်းမှ ထိပ်သီးမိသားစုဝင်တွေ အားလုံးနီးပါးပါဝင်လေသည်။

အဘိုးလူသာဘားနက်က အမရာ့ကိုလက်တွဲပြီး ဘုရားကျောင်းထဲကို ဝင်လာခဲ့ပါသည်။ အမရာ့မှာလည်း လူနဲ့မမျှအောင် လောကဓံတွေ ရိုက်ခတ်မှုများလွန်းလို့ အပူရုပ်ကိုဟန်လုပ်ပြီး စိတ်ကိုတင်းထားရပါသည်။

ယနေ့မင်္ဂလာဆောင်မှာ အမရာထက်ပိုပြီး ပူလောင်ခံစားနေရသူတစ်ယောက်ကတော့ . .

အာဒမ် မက္ကထရစ် ကူးပါးလ်. .

အမရာက သူကိုယ်တိုင်ရွေးချယ်ပေးထားတဲ့ မင်္ဂလာဝတ်စုံဖြူလေးကိုဝတ်ပြီး လီလီပန်းစည်း ဖြူဖြူလေးကိုကိုင်ကာ ခန်းမထဲသို့ ဖြည်းဖြည်းချင်းဝင်လာလေသည်။

>>အရှေ့မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့. . ဒီနေ့ မင်္ဂလာကတိစကားပေးပြီးသွားရင် စည်းတွေခြားသွားခဲ့ပြီ<<

အာဒမ့်မျက်နှာက ဟန်ဆောင်ပြုံးရယ်နေပေမယ့် သူ့ရဲ့နီရဲပြီးငိုကြွေးနေတဲ့ မျက်လုံးတွေကတော့ လိမ်လို့မရနိုင်ပေ. .

>>ဒီဝတ်စုံလေးဝတ်ပြီး အလှဆုံးဖြစ်နေတဲ့မင်းကို လက်တွဲခွင့်ရတဲ့သူဟာ. .

ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားပဲလို့ ငါတစ်ချိန်တုန်းက တွေးခဲ့ဖူးတယ်. .

ဒါပေမယ့် အဲ့ဒီ့ကံအကောင်းဆုံးသူဟာ. . မင်းကိုတန်ဖိုးမထားဘဲ ရက်စက်တတ်တဲ့ အရူးတစ်ကောင် ဖြစ်နေတာကိုတော့ ကျွန်တော်ဝမ်းအနည်းမိဆုံးပါပဲ . .အမရာရယ်<<

အဘိုးလူသာက အမရာ့လက်ကို Lord အလက်ဇန္ဒား ဆီသို့လွှဲပေးလိုက်ချိန်မှာတော့ အာဒမ်တစ်ယောက် ခေါင်းလေးတစ်ချက်ညှိမ့်လိုက်မိပါသည်။

Beloved Amara (ချစ်သော အမရာ)Nơi câu chuyện tồn tại. Hãy khám phá bây giờ