'ကျွန်မ သူ့ဆီကိုပဲ ပြန်သွားပါမယ်ရှင်. . . ကျွန်မကို ဆန်မာကိုရင်ပြင်ဆီ အမြန်လိုက်ပို့ပေးပါ'
"ဟင်း. . ."
အာဒမ်က စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်လေသည်။ အမရာ့ကို ကျောခိုင်းကာ တစ်ဖက်သို့လှည့်ထွက်သွားစဉ်
'အာဒမ်. . . ကျေးဇူးပြုပြီး ကျွန်မကိုကူညီပါ'
အမရာက အာဒမ့်လက်ကို လှမ်းဆွဲလိုက်၏။ အာဒမ်က နူတ်ခမ်းလေးစူကာ လှည့်လာပြီး. .
"အွန်း. . . အခုလည်း အဲ့ဒီ့ကိုပြန်ဖို့ သွားနေတာပဲလေ မဒမ်မိုဇေလ်းရဲ့. . "
ထိုအခါမှ အမရာလည်း ရှက်ပြုံးလေးပြုံးကာ နားရွက်ကြားထဲဆံနွယ်လေးတွေကို သိမ်းရင်း အာဒမ့်လက်ကို ပြန်လွှတ်ပေးလိုက်လေသည်။
'သြော် ဟုတ်ကဲ့. . . .ကျေးဇူးပါနော်'
"ကဲ. . . မမလေးက လမ်းပျောက်တယ်သာပြောတယ်နော်။ ဗင်းနစ်တော့ အတော်ကျွမ်းပဲ. . ။ အခုသွားရင်းနဲ့ ဘယ်ရောက်နေပြီလို့ ထင်လို့လဲ"
'ရှင်. .. လမ်းပျောက်နေလို့ပါဆိုမှ လူကိုလာမစားနဲ့'
"အခုက ရှေ့မှာ Rialto တံတားကိုရောက်နေပြီ မဒမ်မိုဇေးလ်ရဲ့ . . . လာ. . . မယုံရင်ကြည့်"
အာဒမ်ဦးဆောင်ခေါ်ယူသွားရာနောက်သို့ ခပ်သွက်သွက်လိုက်လာရင်း လမ်းဆုံးချိန်မှာတော့ စိမ်းပြာရောင် ရေကြည်တွေဖွေးဖွေးလှုပ်နေတဲ့ Grand Canal ကြီးနှင့်အတူ မိုးလုံလေလုံ တံတားဖြူဖြူကြီးတစ်စင်းကို တွေ့လိုက်ရပါတော့သည်။ တံတား၏ အလယ်ဗဟိုတွင် အိမ်ကလေးကဲ့သို့ ခေါင်မိုးချွန်ချွန်တစ်ခုကို ဒီဇိုင်းဆွဲကာ တည်ဆောက်ထားပါသည်။
အာဒမ်ဦးဆောင်ခေါ်ယူသွားရာနောက်သို့ ခပ်သွက်သွက်လိုက်လာရင်း လမ်းဆုံးချိန်မှာတော့ စိမ်းပြာရောင် ရေကြည်တွေဖွေးဖွေးလှုပ်နေတဲ့ Grand Canal ကြီးနှင့်အတူ မိုးလုံလေလုံ တံတားဖြူဖြူကြီးတစ်စင်းကို တွေ့လိုက်ရပါတော့သည်။ တံတား၏ အလယ်ဗဟိုတွင် အိမ်ကလေးကဲ့သို့ ခေါင်မ...
ဗင်းနစ်ကျွန်း၏ အလယ်ဗဟိုတွင် S ပြောင်းပြန်ပုံ ကွေ့ပတ်စီးဆင်းနေသော Grand Canal ကြီးရှိပြီး၊ ထို မဟာတူးမြောင်းကြီးကို ဖြတ်၍ဆက်သွယ်ထားသော တံတားများကြားဝယ် Rialto တံတားမှာ နာမည်အကြီးဆုံးဖြစ်ပေသည်။
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
