အပိုင်း (၃၃) Barcelona - မင်းဆီက (Warning ⚠️)

7K 142 23
                                        

အပေါ်ထပ် အထူးဧည့်သည်တော်အခန်းထဲတွင် မြို့တော်ဝန်က အဲလက်စ်နှင့် အီစဘယ်လ်တို့ကို စောင့်နေပြီး၊ သူတို့ရောက်လာသည်နှင့် ဝမ်းသာအားရနူတ်ဆက်လေသည်။

အမှန်တကယ်တော့ ဆန်းချက်ဇ်သားအဖသည် အဲလက်စ်၏ မားဖီးယားဖောက်သည်များသာဖြစ်ကြ၏။

ကက်တလိုးနီးယားဒေသသည် စပိန်နိုင်ငံမှခွဲထွက်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ရန် အကြိမ်ကြိမ်ကြိုးပမ်းလျက်ရှိပြီး ထိုအရေးတွင် မြေပေါ်မြေအောက် အဖွဲ့အစည်းတို့၏လှုပ်ရှားမှုများ အားပြိုင်လျှက်ရှိနေပါသည်။

အဲလက်စ်၏ Del Ombre (အရိပ်) မာဖီးယားဂိုဏ်းသည် မာဆေးလ်မြို့တွင် ရုံးချုပ်ထိုင်လေရာ ဆန်းချက်ဇ် သားအဖမှာ အဲလက်စ်၏ အကူအညီကို မကြာခဏယူကြရလေသည်။ ပြင်သစ်အရှေ့တောင်ပိုင်းနှင့် စပိန်နယ်စပ်တွင် အဓိကရုဏ်းဖြေရှင်းခြင်း၊ ဆူပူအုံကြွစေခြင်း၊ ဒုစရိုက်မှုဖြစ်ပွားခြင်းစသည့် နိုင်ငံရေးအာရုံလွှဲမှုများ အားလုံးကို အဲလက်စ်တို့ အရိပ်ဂိုဏ်းမှ ကြိုးကိုင်ထားလေသည်။

ဖရန့်စစ်အိမ်တော်၏ အဓိကစီးပွားရေးမှာလည်း မာဖီးယားဂိုဏ်းမှရသောငွေများဖြစ်၏။ အဲလက်စ်အရွယ်ရောက်သည်နှင့် ဆာဂျွန်နဿန်က သူ၏မာဖီးယားလုပ်ငန်းကို လွှဲပေးခဲ့ပြီး၊ သူလုပ်ရမည့် Dark side များကို အဲလက်စ်အား ကိုယ်စားလုပ်ဆောင်စေသည်။ သောမတ်ကိုတော့ မြို့အုပ်မင်းအရိုက်အရာခံမည့် ရွှေမင်းသားလေးအဖြစ် သူ၏ထီးနန်းအမွေပေးရန် ဖြစ်လေသည်။

ဥရောပနိုင်ငံအများစုတွင် အရိပ်ဂိုဏ်းခွဲများ ဖြန့်ကျက်တည်ရှိနေပြီး၊ ဆာဂျွန်နဿန်နှင့် သောမတ်တို့က အဲလက်စ်၏ နောက်ကွယ်မှပံ့ပိုးမှုဖြင့် ဖရန့်စစ်အိမ်တော်၏ သြဇာအာဏာ ဥစ္စာတို့ကို လက်တစ်ချောင်းပင်လှုပ်စရာမလိုဘဲ အသာလေးရယူသွားနိုင်၏။

အမတ်လောင်းတစ်ယောက် ရွေးကောက်ပွဲအနိုင်အရှုံးကိုလည်း ဆာဂျွန်နဿန်၏ အဆုံးအဖြတ်ပေါ် မူတည်သလို၊ ရွေးကောက်ပွဲအနိုင်ရပြီးနောက် နိုင်ငံရေး ငြိမ်သက်မှုရှိခြင်းမရှိခြင်းကလည်း ဆာဂျွန်နဿန်နှင့် သက်ဆိုင်ပြန်၏။

Beloved Amara (ချစ်သော အမရာ)Nơi câu chuyện tồn tại. Hãy khám phá bây giờ