အပိုင်း (၃၇) Rome - လင်ချစ်ဆေး (Warning) 🚨

7.1K 179 14
                                        

 အဲလက်စ် စကားမဆုံးခင်မှာပင် သူ့တပည့်တွေက အာဒမ့်ကို အစည်းအဝေးခန်းထဲသို့ လက်ပြန်ကြိုးတုပ်၍ ခေါ်လာကြလေသည်။ မျက်ကွင်းအနည်းငယ် ညိုနေသည်မှအပ သိပ်ဆိုးဆိုးဝါးဝါးမရှိချေ။

အာဒမ်ဝင်လာသည်နှင့် ဗိုင်းကောင့် ကူးပါးလ်က

'မီလော့. . . ကျွန်တော့်သားလေးက အရက်မူးသွားလို့ဖြစ်ရတာပါ။
သူကငယ်သေးတော့ ဘာမှနားမလည်ဘူးလေ။

မီလော့အပေါ်မှာ ဘယ်တုန်းကမှ သစ္စာဖောက်ဖို့ စိတ်ကူးမရှိပါဘူးခင်ဗျာ'

အဲလက်စ်က လက်ကာပြပြီး Count Lucian ကို လှမ်းကြည့်ကာ

"ကောင့်လူစီယမ်. . . ကျုပ်ကိုထိပါးစော်ကားရင် ကျသင့်မယ့်ပြစ်ဒဏ်တွေ ရွတ်ပြလိုက်စမ်း"

ထိုစဉ် အဖိုးလူသာအသံထွက်လာပြီး

'မီလော့. . . ကျွန်တော် အနူးအညွှတ်တောင်းဆိုပါရစေ. . အာဒမ်ဟာ'

"ခင်ဗျားကြီး ပါးစပ်ပိတ်ထားစမ်းပါ . . . လူသာဘားနက်. .

ကျုပ်အခု လူစီယမ်ရဲ့ ပြစ်ဒဏ်စာရင်းကို နားထောင်ချင်နေတာ လာမနှောက်ယှက်ပါနဲ့"

'မှန်ပါ your grace, သခင်ကြီးကို ထိပါးစော်ကားမိပါလျင်. . .

ပြစ်ဒဏ်အနည်းအများပေါ်မူတည်၍

ကြိမ်ဒဏ်၊ ထောင်ဒဏ် ကနေ. .

ကျုးလွန်စော်ကားခဲ့တဲ့ ကိုယ်လက်အင်္ဂါကို ပါဖြတ်တောက်ခြင်းနှင့် သေဒဏ်ပေးခြင်းအထိကို ချမှတ်နိုင်မှာဖြစ်ပါတယ်။'

အဲလက်စ်က ပြစ်ဒဏ်တွေကို နားစွင့်ရင်း အမရာ့ခေါင်းကိုနောက်စေ့ကနေကိုင်ပြီး မျက်နှာကို သူ့ငှက်ပျောသီးနှင့် ကပ်လိုက်လေသည်။

"ကဲ. . . မောင့်ကို တောင်းပန်"

ဘေးကလူတွေမကြားအောင် သူမကို တိုးတိုးလေး ငုံ့ကာပြောရင်း ပြုံးပြလိုက်၏။

>>သိတယ်လေ. . . ကျွန်မကို ဒီနည်းနဲ့ အကြပ်ကိုင်မယ်ဆိုတာ အစောကြီးထဲက သိပါတယ်ရှင်<<

အမရာတစ်ယောက် မျက်စိစုံမှိတ် အံကိုကြိတ်ကာ အသက်အောင့်ထားမိသည်။

Beloved Amara (ချစ်သော အမရာ)Where stories live. Discover now