နောက်တစ်နေ့ မနက်မှာတော့ Florence မြို့ကို သွားရောက်လည်ပတ်ရမည် ဖြစ်ပါသည်။ အမရာက မနေ့ညက နေသိပ်မကောင်းတာမို့ သူတို့အေးအေးဆေးဆေး အနားယူနေကြပါသည်။
တင်မိုးသီးတစ်ယောက်ကတော့ အနားမယူနိူင်ရှာပေ၊ အဲလက်စ်ခိုင်းထားသည်များကို ထိုင်လုပ်နေရင်း စိတ်ရူပ်နေလေ၏။
သူ့အခန်းထဲ Notebook ရှေ့တွင် headphone တပ်ရင်း ဗျာများနေခြင်းဖြစ်သည်။ ရေခွက်ကို မော့သောက်လိုက်တော့လည်း ရေကမရှိ. . .
>>ဟုတ်သားပဲ. . . ငါ မနက်စာတောင် မစားရသေးဘူးကို<<
ဖုန်းကိုခဏ အိတ်ထဲထည့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ထမင်းစားခန်းထဲတွင် ဘယ်သူမှမရှိ အကုန်လုံးရှင်းလင်းလို့
>>ကောင်းရောကွာ အခု ၁၀နာရီကျော်သွားတော့ serving time က ပြီးပြီပေါ့<<
ထိုစဉ် ယူလီရာတစ်ယောက် ပန်းကန်လှည်းကလေးကို တွန်းရင်း မီးဖိုချောင်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်လေသည်။
တင်မိုးသီးက သူမအနောက်မှ ပြေးလိုက်သွားပြီး
'ဟဲ့. . . နင် အဆင်ပြေလား'
ယူလီရာက နူတ်ခမ်းကို တင်းတင်းစေ့ကာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားလေသည်။ တင်မိုးသီးက သူမလက်မောင်းကို လှမ်းဆွဲလိုက်ပြီး
'ဟဲ့. . . နင်ဘာဖြစ်နေရတာလဲ။ ငါပြောပြီးသားလေ. . ဘာမှ ပြသနာမရှိပါဘူးဆိုတဲ့ဟာကို'
ယူလီရာ ဘာမှပြန်မဖြေချေ။ သူမကို အတင်းဆွဲလှည့်ကာ မျက်နှာကို စေ့စေ့ကြည့်ပြီး
'ဟဲ့ . . . အဆင်ပြေရဲ့လားလို့ မေးနေတယ်နော်'
ဟုမေးလိုက်လျင်. . . မျက်ရည်တွေက တာကျိုးသလို ကျလာလေ၏။
= = = = =
ရောမမှာ အကြွေစေ့ပစ်မယ်ဆိုပြီး ရေပန်းဆီသို့ သူတို့ ၂ဦး nightout ထွက်ကြသည့်နေ့ကဖြစ်သည်။
ရေပန်းအကြောင်းပြ၍ နောက်ဆုံးတော့ ဘားဆိုင်တစ်ဆိုင်ကို ရောက်သွားကြသည်ဆိုပါတော့
နောက်ဆုံးမှာ ပြောရင်းဆိုရင်း သောက်ရင်းစားရင်း တစ်ညမတ်တပ်ရပ်ကြဖို့ နှစ်ဦးနှစ်ဖက် သဘောတူဖြစ်ကြလေသည်။
ВЫ ЧИТАЕТЕ
Beloved Amara (ချစ်သော အမရာ)
Любовные романыငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
