"ကျွန်တော်တို့ ခိုးပြေးကြရအောင်"
အာဒမ်၏ညိုဖျော့ဖျော့မျက်လုံးလေးတွေက အမှောင်ထဲမှာတောင် ကြည်လဲ့ပြီး၊ သူ့အကြည့်တို့က ခိုင်မာပြတ်သားနေသည်။ အရက်လည်းအနည်းငယ်သောက်လာပုံရလေ၏။ အသားကဖြူပါတယ်ဆိုမှ သူ့ရဲ့အနက်ရောင်ဝတ်စုံကြောင့် ညရဲ့လရောင်အောက်မှာ သန့်ပြန့်နီလွှင်နေတော့သည်။
အာဒမ်က အမျိုးသမီးနားနေဆောင်အနီး အတင်းတုတ်နေကြသော ဂွမ်းပုံတို့ မျိုးမျိုးခိုင်တို့အဖွဲ့နားမှ အမရာ့လက်ကို အတင်းဆွဲ၍ ဝရံတာငယ်လေးတစ်ခုဆီသို့ ခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။ အမရာလည်း ပြေးပေါက်ရှာနေသူမို့ ကယ်တင်ရှင်လာသည်နှင့် ဘာမှမပြောဘဲ တိတ်တိတ်လေး လိုက်ထွက်လာခဲ့မိပါသည်။ သူမရဲ့စိတ်ထဲ ဒီမွန်းကြပ်နေတဲ့ ကပွဲခန်းမနဲ့ဝေးရာမှာ လေကောင်းလေသန့်လေးရဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိသည်။
လူစိမ်းယောကျ်ားလေးတစ်ယောက်နဲ့ အခုလိုလိုက်ထွက်လာမိတဲ့ အကျိုးဆက်ကို ထည့်မစဉ်းစားမိ. . ၊ ပိုဆိုးသည်က. . အာဒမ်က အခုလိုချစ်ရေးဆိုဖို့ ခေါ်လာလိမ့်မည်ဟု ထင်ကိုးမထင်ထား. .
'ရှင်. . . အာဒမ်. .
ရှင်. . . . ရှင်မူးနေပြီထင်ပါရဲ့'
"မမူးဘူး အမရာ. . ကျွန်တော်မမူးဘူး. .
ကျွန်တော်လေ. .
ကျွန်တော် အမရာ့ကိုအရမ်းချစ်တယ်၊ စတွေ့ကတည်းကချစ်တာ. . .
ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ပြေးပါလား အမရာရယ်. .
ကျွန်တော်က အရမ်းမချမ်းသာပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့ဆို စိတ်ချမ်းသာရပါစေ့မယ်။ အမရာ ပျော်ရွှင်ဖို့ကို ကျွန်တော်အာမခံနိုင်ပါတယ်ဗျာ။"
'အာဒမ်ရယ်. . .အဓိပ္ပာယ်မရှိတာတွေ မတွေးနေပါနဲ့။ ရှင်မို့ မကြောက်မရွံ့'
"အဲ့တာတွေအားလုံး နောက်မှာထားခဲ့လိုက်ပါတော့. .၊ ဒီဘဝကြီးကို မင်းလည်း မလိုချင်ဘူးမှတ်လား။ ကျွန်တော်တို့ ၂ယောက် တနယ်တကျေးမှာ လူမသိသူမသိအောင် ဇာတ်မြုပ်နေကြမယ်လေ. . ."
'တော်ပါတော့ အာဒမ်ရယ်၊ ရှင်က ထက်ထက်မြတ်မြတ်နဲ့သွက်လက်တဲ့ လူငယ်တစ်ယောက်။ ရှင့်ရဲ့အရှေ့မှာ တောက်ပတဲ့အနာဂါတ်တွေ အများကြီးကျန်သေးတယ်။
KAMU SEDANG MEMBACA
Beloved Amara (ချစ်သော အမရာ)
Romansaငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
