မနက်မိုးသောက်တော့ ခါတိုင်းနဲ့မတူဘဲ ပိုမိုတိတ်ဆိတ်နေသလိုခံစားရသည်။
လိုက်ကာထူကြီးကြားထဲကနေ အတင်းထိုးဖောက်လာသော နေရောင်ခြည်ပေါက်ကလေးများက အခန်း၏အတွင်းပိုင်း အသွင်အပြင်ကိုခပ်ပျော့ပျော့ ပုံပေါ်သွားကြ၏။ အိပ်ရာ၊ စောင်၊ ဘေးနားက စားပွဲကုလားထိုင် ပရိဘောဂတွေ. . အားလုံးဟာ ထူးခြားစွာတိတ်ဆိတ်နေကြသလိုပင်.. .
လိုနေတာတစ်ခုရှိတာသေချာတာပေါ့. .
အဲလက်စ်ရဲ့ အနွေးဓါတ်လေ. .
အိပ်ရာနိူးတိုင်းလည်း ပထမဦးဆုံးကြားနေရတာ သူ့ရဲ့အသက်ရှုသံပဲဟာ. .
ခုမနက်တော့ အဲလက်စ်ထွက်သွားခဲ့ပြီ။ ရိုးရိုးတန်းတန်းသွားခဲ့တာ မဟုတ်ဘူး. .
ဘယ်ကိုသွားတယ် ဘယ်သူနဲ့သွားတယ်ဆိုတာကြီးကို သိနေတဲ့အတွေးက စိတ်ကို တော်တော်လောင်မြိုက်စေတာပဲ
တစစီပြိုကွဲနေတဲ့စိတ်တွေနဲ့အတူ အမရာအိပ်ရာထဲမှ ဖြည်းဖြည်းချင်းထလိုက်မိပါသည်။
သူမလည်ပင်းက ဒဏ်ရာတွေက ဒီနေ့ဆို အညိုရောင်ပြောင်းလာခဲ့ပြီ၊ သူမရဲ့ ရင်သားထိပ်တွေလည်း ကြိမ်းစပ်နာကျင်နေပြီး. . . လိပ်ပြာလေးဆို မသိမသာလေးတောင် ယောင်နေတော့တာ
မနေ့ညကလည်း အဲလက်စ်က ကလေးဆိုးကြီးတစ်ယောက်လို အရမ်းဆိုးသွမ်းခဲ့ပြန်ပြီ မဟုတ်လား။
>>အဲလက်စ်. . အဲလက်စ်. . . လူကသာမရှိတော့တာ. . . သူပေးသွားတဲ့ဒဏ်ရာတွေက မသေးဘူးပဲ။
တခြားမိန်းမတစ်ယောက်နဲ့ သွားတွေ့တော့မှာကို . . . အိမ်ကမိန်းမကိုလည်း အလွတ်မပေးဘဲ လုပ်သွားနိုင်သေးတယ်နော်. . .
ရှင့်မှာ သိက္ခာဆိုတာ မရှိဘူးလား အဲလက်စ်ရယ်. .
ဟိုမိန်းမကရော. . . အဲလိုယောကျ်ားကြီးကို ဘယ်လိုနှလုံးသားနဲ့များ ကြည်ကြည်ဖြူဖြူ လက်ခံနေပါလိမ့်. ..
ရှင်တို့အချင်းချင်းကတော့ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ပေါ့. .
ကျွန်မကတော့ ရှင်တို့ရဲ့ ခေတ်အမှီလွန်တဲ့ ယဉ်ကျေးမှုတွေကြားမှာ ဘောင်မဝင်ပါဘူး. . .<<
YOU ARE READING
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
