"အ မ ရာ. . . ."
အဲလက်စ်၏ အော်သံမဆုံးခင်မှာ ယူလီရာက အမရာ့ကို ဘေးကစားဖိုမှုးဟင်းချက်ပြသခဲ့သော စားပွဲခုံအောက်ထဲသို့ ချက်ချင်းတွန်းထည့်လိုက်သည်။
ဒိုင်း (သေနတ်သံ)
ဟိန်း၍ထွက်ပေါ်လာသော သေနတ်ပစ်သံနှင့်အတူ ယူလီရာ၏ ဝမ်းဗိုက်သို့ ကျည်ဆန်ထိမှန်ပြီး အမရာ့ဘေးမှာတင် ပုံလျက်လေး လဲကျသွားလေတော့သည်။
"အား. .."
အမရာလည်း လျပ်တပြက်မို့ ဘာစကားမှပြန်မပြောနိုင်ဘဲ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ပါးစပ်အဟောင်းသား ကြည့်မိနေလေ၏။ ကမ္ဘာကြီးခေတ္တရပ်တန့်သွားသလိုပင် အရာရာအားလုံး ခဏရပ်သွားခဲ့ပြီ။ ပြတင်းပေါက်မှန်ချပ်ကြီးတွေလည်း ကွဲသွားခဲ့ပြီမို့ ပြင်ပမှလေအေးများ ဆိုင်ထဲသို့ဝင်ရောက်လာကြသည်။
ယူလီရာက လက်တွေ တဆတ်ဆတ်တုန်ရင်း ဝမ်းဗိုက်ကဒဏ်ရာကိုဖိကာ အမရာ့ကိုလှမ်းကြည့်လိုက်စဉ် သူမမျက်ဝန်းတွေထဲမှာ ကြောက်လန့်ခြင်းနာကျင်ခြင်းများစွာ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
'ယူ. .. . ယူလီရာ' (သူမအသံလေးက တုန်ရင်သေးသိမ်လို့)
"ပြေး. . . ပြေး"
ယူလီရာက ပါးစပ်မှအသံထွက်မလာဘဲ နူတ်ခမ်းသာလှုပ်သွားလေ၏။ အမရာက အသက်ကိုမနည်းရှုရင်း ယူလီရာ့ဘေးမှာ ထိုင်ချလိုက်သည်။ အဝေးမှ ရိုက်ဖယ်လည်၍ ဝှေ့ဝိုင်းက ပြေးဝင်လာသော ကျည်ဆန်မို့ အစိတ်စိတ်အမွှာမွှာကွဲပြီး ထိမှန်ခဲ့သဖြင့် ဒဏ်ရာက အတော်ကြီးလေသည်။
အချိန်သိပ်ဆွဲလို့မရနိူင်
သွေးထွက်လွန်ရင်းနှင့်ပင် အသက်ဆုံးရှုံးသွားရ နိူင်သည့် အခြေအနေမျိုး
အမရာက စားပွဲနောက်ကွယ်မှ အနည်းငယ်တိုးထွက်လာက ယူလီရာ့ဗိုက်မှဒဏ်ရာကို ပုဝါဖြင့် ဖိ၍ သွေးတိတ်စေရန် ကြိုးစားလေ၏။
ထိုစဉ်. . .
ပက်ထရစ်တို့အဖွဲ့ကလည်း အဲလက်စ်ကိုလုပ်ကြံရန် Plan A မအောင်မြင်သည်နှင့် မားဖီးယားတို့ထုံးစံအတိုင်း Plan B စတင်လေပြီ။ အနီးကပ်တိုက်ခိုက်ရေးအဖွဲ့က ဆိုင်အပေါက်ဝကို ပိတ်ကာ စီးနင်းဝင်ရောက်လာကြသည်။
ESTÁS LEYENDO
Beloved Amara (ချစ်သော အမရာ)
Romanceငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
