အမရာက လျာဖျားလေးနှင့် ခပ်ပေါ့ပေါ့လေးပြောပြီး ဖုန်းချလိုက်ပေမယ့် အဲလက်စ်တစ်ယောက် မီးတောင်ပေါက်သလို ဆွေ့ဆွေ့ခုန်ပြီး ကျန်နေခဲ့ပါတော့သည်။
"တင်မိုးသီး. . . ငါမင်းကို မနှောက်ယှက်ဖို့ ပြောထားတဲ့ဟာကို"
'ဟုတ်ကဲ့ပါဆရာ. . . ကျွန်တော်တောင်းပန်ပါတယ်'
အဲလက်စ်နှင့် တင်မိုးသီးတို့ ခုနက မလွယ်ပေါက်မှတဆင့် လာရာလမ်းအတိုင်း ခပ်သွက်သွက်ပြန်ဝင်လာခဲ့ပါသည်။ ကက်တမင်းများပြုလုပ်သော အခန်းသို့အရောက်တွင်. .
ဝင်ဝင်လာချင်းတွေ့သော လူတစ်ယောက်ကို အဲလက်စ်က နားရင်းအုပ်လိုက်လေသည်။
"ခွေးမသားတွေ. . . မင်းတို့ကို ဒီအခန်းထဲမှာ အဲ့ဒါတွေ ဘယ်တော့မှ ခိုးမရှုပါနဲ့လို့ သေသေချာချာမှာထားတာကို"
အဲလက်စ်က တစ်ကောင်ပြီးတစ်ကောင်ကို တဖုံးဖုံးနှင့် ရိုက်ရင်း. .
"မင်းတို့မှာ နားထောင်နိုင်တဲ့နားရွက်တွေ မပါလာတာလား. . .
ဟမ်. . အခုရှိတဲ့နားရွက်တွေ ငါဖြတ်ပေးလိုက်ရမလား. .
ဒါမှမဟုတ် မှတ်သားနိုင်တဲ့ ဦးနှောက်တွေပါမလာကြတာလား. . အခုရှိနေတဲ့ သုံးစားလို့မရတဲ့ ဦးနှောက်တွေကိုရော ငါထုတ်ပေးလိုက်ရမလား"
'ကျွန်တော်တို့ မှားပါတယ်ဆရာ. .. '
"အေး. . . ကိုယ့်အပြစ်ကိုယ်သိရင် ကြမ်းပြင်မှာ နာရီဝက်တိတိ အုန်းပင်စိုက်နေကြစမ်း. . .
လလလလတွေ . . . ငါမမြင်ချင်ဘူး. . စွကျက်သရေတုန်းတယ်. . လိ"
အဲလက်စ်ပြောသည့်အတိုင်း အားလုံး ခြေထောက်နှစ်ဖက်ကိုကားပြီး ကြမ်းပြင်တွင် ခေါင်းလေးတွေထောက်ကာ လက်ကိုအနောက်ဘက်သို့ ယှက်ထားရလေသည်။
အဲလက်စ် ဆဲဆိုပြီးထွက်သွားတော့မှ တင်မိုးသီးက လေသံပျော့ပျော့လေးဖြင့်
'အေး အေး. . . အခုရက်ပိုင်း အနေအထိုင်တွေ ဆင်ခြင်ကြ. .
ရာသီဥတုက သိပ်ကောင်းတာမဟုတ်ဘူး. .. . . .'
"ဟုတ်ကဲ့ပါခင်ဗျ . . . . . နောက်ဆိုဆင်ခြင်ပါ့မယ်" (အားလုံး)
တစ်ယောက်က တင်မိုးသီးကို ပြန်မေးလိုက်မိသည်။
ВЫ ЧИТАЕТЕ
Beloved Amara (ချစ်သော အမရာ)
Любовные романыငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
