အပိုင်း (၂၂) Weight of Throne

3K 133 16
                                    

နောက်တစ်နေ့မနက်မှာတော့ အလက်ဇန္ဒားက အမရာ့အတွက် မင်္ဂလာဦး ချစ်သက်လက်ဆောင်ကို သေသေချာချာလေး စီစဉ်ထားပါသည်။

အလက်ဇန္ဒားခေါ်လိုက်သောကြောင့် အမရာက ခြံထဲသို့ဆင်းလာခဲ့ရပါသည်။

မနက်ခင်း နေရောင်နုနုသစ်သစ်လေးအောက်မှာ သစ်ရွက်စိမ်း မြက်စိမ်းစိမ်းလေးတွေက လတ်ဆတ်လို့. .

တံခါးဖွင့်လိုက်သည်နှင့် ဆောင်းလေသန့်သန့်အေးအေးလေးတွေကလည်း တိုးဝင်လာကြသည်။

အလက်ဇန္ဒားက Long coat အနက်ရောင်ကြီးကို ဝတ်ဆင်ထားပြီး လည်ပင်းမှာလည်း မီးခိုးရောင်မာဖလာကို အရှည်လိုက်ခြုံထားပါသည်။

ဘေးနားမှာ Dobermann ခွေးတွေကိုမှ ဆယ်ကောင်လောက်ရှိလိမ့်မည်။ သူတို့ရဲ့ကြိုးတွေကို အလက်ဇန္ဒားက လက်မှာကိုင်ဆွဲထားပြီး ၊ခွေးတွေရဲ့လည်ပင်းမှာလည်း အဆူးချွန်လည်ပတ်တွေနဲ့ . .

တကယ့်ရိုင်းလည်းရိုင်း ကိုက်လည်းကိုက်မည့် ခွေးဆိုးတွေ. .

အလက်ဇန္ဒားက အမရာကို ပြုံးပြုံးလေး သေချာစိုက်ကြည့်ရင်း လက်ကလေးကမ်းပေးသည်။ သူက ပြုံးလိုက်တော့မှ ပိုပြီးတော့တောင် ဆွဲဆောင်မှုရှိသွားသေးတယ်။

အရပ် ၈မျက်နှာမှာ ဘယ်သူမှမမှီနိုင်အောင် ချောမောနေတော်မူပြီး၊ အဝတ်အစားကိုလည်း သပ်သပ်ရပ်ရပ်နှင့် ယောကျ်ားဆန်ဆန်ဝတ်စားထား ပြန်တော့ မြင်မြင်သမျှ မိန်းကလေးတိုင်း သူ့ကိုသဘောကျမိမှာ အမှန်ပါပဲ. .

ဒါပေမယ့် အမရာ့အတွက်တော့ သူဟာ မင်းသားမျက်နှာဖုံးတပ်ထားတဲ့ ဆာတန် (Satan) ပါပဲ။

"လာ ချစ်လေး . တို့တွေလမ်းလျှောက်ထွက်ကြရအောင်"

အလက်ဇန္ဒား၏ အသံချိုချိုလေးနှင့် အသွင်အပြင်တို့က တခြားမိန်းကလေးတစ်ယောက်ဆို ခြေထောက်တွေ ညွှတ်ကျသွားနိုင်လောက်အောင် ကြွေစရာကောင်းပါသည်။ ဒါကြောင့်မို့ပဲ မပါးနပ်တဲ့ မိန်းကလေးအများစုက ဒီအဆိပ်မှိုကြီးကို စားမိကြတာဖြစ်ပါလိမ့်မည်။

'ချစ်လေး. .?'

>>လေသံတွေက တအားကိုနူးညံ့နေတာ. . လုံးဝသွေးရိုးသားရိုးမဟုတ်ဘူး။ ဘာလဲ. . ငါ့ကို ခွေးတွေနဲ့ ရှုးတိုက်အုံးမလို့လား

Beloved Amara (ချစ်သော အမရာ)Donde viven las historias. Descúbrelo ahora