PART 49
မန္တလေး သခင်စံအိမ်...
စံအိမ်ထဲကို မောင်းဝင်လာသော ကားပေါ်ကနေ မြေးဖြစ်သူသပိတ်နှင့်အတူ မိန်းကလေးတစ်ယောက်ကလေးတစ်ယောက်ပါ လိုက်ပါဆင်းလာသည်ကို ဖွားဖွားဒေါ်မြသင်းခိုင်မှာ ဝမ်းသာခြင်းတစ်လှည့် ဝမ်းနည်းခြင်းတစ်လှည့်နှင့် ခံစားချက်တို့ရင်ထဲတွင် စုပြည့်နေသည်။
မိမိမသိလိုက်ဘဲ မိမိ၏မြေးတစ်ယောက်ဆီမှာမှ မြစ်ကလေးတစ်ယောက်ချင်းဆီ ရှိနေခဲ့ကြသည်ဆိုမှာ ယုံနိုင်စရာပင်မရှိပါလားကွယ်။
ဒီအဖွားအိုတစ်ယောက်ရဲ့နေဝင်ချိန်ဟာ အတော်ကိုပြည့်စုံခမ်းနာခြင်းတို့နဲ့ လိုတရနေပါပြီကွယ်။
မြေးဖြစ်သူ သပိတ်နှင့်နေဓူဝံဆီမှ အကျိုးအကြောင်းတို့အားလုံး ကြားနာခဲ့ပြီးချိန်တွင် စံအိမ်တစ်ခုလုံးသည် ကမောက်ကမဗြောင်ဆန်ကုန်ခဲ့ပါသေးသည်။
အထူးသဖြင့် မြေးကြီးဖြစ်သူ နေဓူဝံနှင့်မြေးမလေးပန်းဧကရာဇ်တို့အကြောင်းကို ဘယ်လိုဆက်လုပ်ရမလဲဆိုသည့် ပြဿနာတစ်ရပ်မှာ ပန်းပွင့်ကလေးက အခုထိပင် အကြောင်းမပြန်ရသေးချေ။
နေဓူဝံကလည်း အမှုဖွင့်မည်ဆိုလည်း ပေးလာမည့်အပြစ်ကို သူဝန်ခံပြီးခံယူမည်၊ လက်ထပ်မည်ဆိုလည်း သူ့ဘက်ကအဆင့်သင့်ဖြစ်ကြောင်းနှင့် ဖွင့်ဟတောင်းပန်နေခဲ့သည်။
မိမိ၏သမီးကြီးဖြစ်သူ သင်းရနံ့ခိုင်သည်လည်း ဒီကိစ္စနှင့်ပတ်သက်၍ လက်ရှောင်ပေးစေချင်သလိုနှင့် မြေးကြီးကို အလုပ်နားစေပြီး ပညာတော်သင်စေလွှတ်ရန် ဖိအားပေးနေပြန်သည်။ သင်လည်း ဘယ်တော့မှကုန်နိုင်မည့်မဟုတ်သော ပညာရေးကို လွှတ်နေသည်ထက် မြစ်ကလေးတော်ဝင်လေးကိုသာ မိမိတာဝန်ယူစေချင်နေသည်။ ပန်းပွင့်ကလေးက မြေးငယ်နှင့်ဘာပတ်သက်မှုမှ မရှိသောကြောင့် ထိုကလေးနှစ်ယောက်ကို မိသားစုလေးတစ်ခုဖြစ်စေချင်ပါသည်။ သို့သော် ထိုအရာတို့အပေါ်တွင် မိမိမှာ ဩဇာမညောင်းတော့ပါဘူး....
“ ဖေဖေ”
“ကိုကို”
“ညီလေး အာပုကျိ”

YOU ARE READING
သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...
Romansaကိုကိုနဲ့ ညီမလေး ဇာတ်လမ်း