PART 48

11.8K 354 91
                                    


PART 48

"ဖေဖေတို့ ရေချိုးကြမယ်ကွာ"

"ရေချိုးမယ်ကွာ..."

သပိတ်က သားအရွယ် ပုဆိုးကွင်းသေးသေးလေးကို သူ့ခါးမှာ ပတ်ဝတ်ပေးလိုက်ပြီး ရေချိုးရန်အချက်ပြအော်‌ပြရသေး၏။

သား အထူးတို့နှင့်တွေ့ပြီးနောက်ပိုင်း အရက်ပုလင်းတို့လည်း ဘယ်ဆီရောက်နေမှန်းမသိသလို ကုမ္ပဏီလည်း ဘယ်ဆီရောက်မှန်းမသိတော့လောက်အောင် သူဖြစ်သွားရှာ၏။

"ခစ် ခစ်... သားလည်းဖေဖေ့လိုပဲ ပုဆိုးဝတ်ထားတယ်နော်"

"ဟုတ်ပါ့ ဗျား... ဖေဖေနဲ့အာပုကျိက ပုဆိုးဆင်တူလေးနဲ့ ရေချိုးနေကြတာ"

အာပုကျိက သူ့ပုဆိုးကိုကြည့်ပြီး သဘောကျလျက်နှင့် တခစ်ခစ်ရယ်နေတော့သည်။ ဒီအိမ်ကို ရောက်လာပြီးမှ သားနှင့်သူ ပိုပြီးရင်းနှီးလာရသလိုရှိလာသည်။

"ခေါင်းလျှော်မယ်ဗျ... ခေါင်းလျှော်ရည်လေးထည့်မယ်ဗျို့..."

"ခစ် ခစ်..."

"ရေလောင်းမယ်ဗျို့"

"ရေချိုးပြီးရင် ရေခဲ့သေတ္တာထဲမှာဖေဖေထားထားတဲ့ဖာလူဒါနဲ့ပူတင်းရှိတယ် စားမလား"

" ယေး စားမယ် ဗျို့"

"အိုခေ ဖေဖေ့သားလိမ္မာတယ် ကိုယ့်ဘာသာစားတတ်တယ်မလား၊ ယောက်ျားလေးဆိုတာ ကိုယ့်အားကိုယ်ကိုးရတယ် ဒါမှ သားကြီးလာရင် စပိုက်ဒါမန်းလိုဖြစ်မှာ..."

"ဟုတ်လို့လား ဖေဖေ"

"ဟုတ်တာပေါ့ ဖေဖေ့အချစ်ဆုံးလေးခင်ဗျ"

"ဟီးဟီး... သားကလည်း ဖေဖေ့ကိုချစ်လိုက်တာဗျာ..."

" ချစ်တယ်လို့ နောက်တစ်ခေါက်ပြောပါအုံးကွာ"

"ဖေဖေ့ကိုချစ်တယ်... ချစ်တယ်... ချစ်တယ်.... အများကြီးချစ်တယ်ဗျို့"

"သားအဖေတွေ ရေလေးတစ်ခါချိုးတာ တစ်အိမ်လုံး ဆူညံပွတ်လောရိုက်နေတာပဲဟယ်..."

"အယ် အထူးလေးလာပြီ"

ရေချိုးခန်းဆီသို့ လျှောက်လာသောခြေသံကိုကြားပြီး သားအဖနှစ်ယောက် အသံကျယ်ကျယ်မအော်ရဲတော့ဘဲ တီးတိုးလေးနဲ့ တတွတ်တွတ်ပြောနေသေးတုန်း....

သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...Where stories live. Discover now