💓
💚❤
" ပြောပါကိုကိုရာ ဟုတ်တယ်မှတ်လား ကျွန်တော်ပြောတာမှန်တယ်မှတ်လား အဲ့ကတည်းက ကိုကိုကျွန်တော့်ကို ချစ်ခဲ့တာမှတ်လား"
မျက်လုံးတောက်တောက်ကလေးဖြင့် ဂနာမငြိမ်စွာ သူ့ကိုကြည့်နေသည့် ဝမ်ရိပေါ်၏နှဖူးကို တချက်နမ်းလိုက်သည်။
"ဟုတ်တယ်" ပြောပြီးသည်နှင့်တဖက်သို့ မျက်နှာလွှဲသွားသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ်ဖက်လိုက်သည်။
"ဒါနဲ့များ အဲ့ကတည်းကပြောပါလားကိုကိုရာ ကျွန်တော် ဘယ်လောက်တောင် ခံစားခဲ့ရလဲ"
"အဲ့လိုခက်ခဲခဲ့လို့ အခုလိုချစ်တာမဟုတ်ဘူးလား"
"မဟုတ်ဘူးကိုကို အရင့်အရင်ထဲက ဒီလိုပဲချစ်တာ ကိုကိုသာ စောစောပြောရင် ကျွန်တော် ဒီထက်အများကြီး ဂရုစိုက်ပေးမိမှာ ပြီးတော့ ကိုကိုလဲအဲ့လောက် အခြေအနေဆိုးခဲ့မှာမဟုတ်ဘူး"
ညှိုးငယ်သွားသည့် ဝမ်ရိပေါ်ကို ရှောင်းကျန့်အနမ်းတပွင့်မျှခြွေလိုက်သည်။
"အင်း ကောဝန်ခံခဲ့ရမှာ အဲ့ခံစားချက်ကို လက်မခံရဲလို့ အချိန်တွေကြာသွားခဲ့တာ စိတ်ထဲမထားနဲ့တော့ လက်ရှိအချိန်ကို ကောပိုတန်ဖိုးထားတယ် ဆက်ဖြစ်မယ့်ကောတို့ဘဝကိုအကောင်းဆုံးဖြစ်အောင်ပဲနေရအောင် နော်"အနမ်းတွေကိုအချိန်အတော်ကြာ ပေးပြီးသည်နှင့် ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။
"ကျွန်တော် ဒီထက်ပိုချစ်ပေးပါ့မယ် အရင်က ကိုကို့အချစ်ကိုမရိပ်မိခဲ့တာအတွက် ကျွန်တော်ပိုပြီး ဂရုစိုက်ပေးပါ့မယ်""ကောယုံတာပေါ့ ရိပေါ်ဘယ်လောက်ချစ်လဲဆိုတာ ကောသိတာမို့လို့ ဒီကလေးကို ကောမွေးချင်တာ"
ဗိုက်ကလေးအားပွတ်ပြနေသည့်ရှောင်းကျန့်ကို ကြည့်နေရင်း ဝမ်ရိပေါ်အသည်းယားလာတော့သည်။ဝမ်ရိပေါ်ပါ ရှောင်းကျန့်၏ဗိုက်ကို ခပ်ဖွဖွထိလိုက်သည်။
YOU ARE READING
Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)
RomanceTitle - Family with lots of love 💚❤ ( Until you fall in love's season II ) ( Part 1 to 190) A wonderful family of three twins and two fathers . Main couple - Wang Yibo & Xiao Zhan Three twins - Wang Qiyi , Wang Qier ,Wang Qisan Ty...