Part 171 💚❤ (The boy did not believe it)

4K 735 346
                                    

💓

The boy did not believe it

💚❤

"​နောက်​တဦး ​ဝင်​လို့ရပါပြီ"

သူနာပြုရဲ့စကား​ကြောင့်​ သူထိုင်​​စောင့်​​နေရင်း ချက်​ချင်းပဲ ထလိုက်​သည်​ ။ ​သူမက ​ဘေးဘီဝဲယာကို ကြည့်​ပြီး သူတဦးတ​ယောက်​ထဲ​ဆေးခန်းလာပြသည်​ကိုမြင်​​တော့ ...
"တ​ယောက်​ထဲလား"

သူဘာစကားမှမ​ပြောဖြစ်​ပဲ အပြုံးတခုနဲ့သာ တုံ့ပြန်​လိုက်​သည်​ ။ သူလည်းတ​ယောက်​ထဲ ဆုံးဖြတ်​ချက်​ချနိုင်​တဲ့ အရွယ်​​ရောက်​​နေပါပြီ ။ တခြားလူ​တွေကို အပူမ​ပေးချင်​​တော့ဘူး ။

ဖြူဆွတ်​ကာ ​ဖွေးသန့်​​နေတဲ့ အခန်းကျယ်​ထဲ​ရောက်​​တော့ လွတ်​​နေသည့်​ ခုံတွ သူဝင်​ထိုင်​လိုက်​တယ်​ ။ ​ကြွေ​ဘေစင်​တွင်​ လက်​​ဆေး​နေသည့်​ ဆရာဝန်​က သူ့ကိုမြင်​​တော့ သူ့လိုပဲ ပြုံးပြသည်​ ။ သူ့အပြုံးသည်​က​တော့ ခပ်​ယဲ့ယဲ့​လေး ။
"ဘယ်​လိုလဲ အ​ခြေအ​နေ​ကောင်းလား"

"ဘာမှ​​တော့မဖြစ်​ဘူးဆရာ
အ​ဖြေက ဘယ်​လိုထွက်​လို့လဲ"

သူ မရဲတရဲ​မေးလိုက်​သည်​ ။
လက်​​တွေသည်​လည်း တုန်​​နေတယ်​ ။
သတိထားကြည့်ေ​နသည့်​လူက​တော့
သူ့နှုတ်​ခမ်း​တွေ တုန်​​နေသည်​ကို ​တွေ့မြင်​နိုင်​သည်​ ။

သူ့​ရှေ့က ဆရာဝန်​သည်​ အ​ဖြေလွှာကို တရွက်​ချင်းလှန်​ကာ ကြည့်​​နေသည်​ ။ အမြဲတ​စေ သူများထက်​ စပ်​စုတတ်​သည့်​သူက သူ့ကိုယ်​တိုင်​ကြ ယခုတွင်​​ ထိုအ​ဖြေလွှာကို​တောင်​ ခိုးကြည့်​ဖို့​ အင်​အား​တွေရှိမ​နေ​တော့ ။ စားပွဲ​ပေါ်တင်​ထားသည့်​ သူ့ရဲ့လက်​​တွေကိုသာ သူအာရုံ​ပြောင်းကာ စိုက်​ကြည့်​​နေမိသည်​ ။ အမြဲတ​စေ ပြုံးရယ်​ပြီး စ​နောက်​​နေသည့်​သူက လက်​ရှိတွင်​​တော့ မျက်​လွှာချထားကာ အ​ဖြေကို နားမ​ထောင်​ရဲ ။

"အစာမ​ကြေတာ​တွေဘာ​တွေမရှိဘူးမှတ်​လား"

"ဟုတ်​ကဲ့ ကျွန်​​တော်​အဲ့လို​တော့မရှိပါဘူး"

"အရင်​ပြခဲ့တဲ့ ဆရာဝန်​နဲ့ပြန်​မပြ​တော့ဘူးလား"
သူပြန်​မ​ဖြေမိပဲ နှုတ်​ဆိတ်​ကာသာ ​နေလိုက်​သည်​ ။
သူ့​ရှေ့ရှိဆရာဝန်​သည်​ သူ့ရဲ့လက်​ကို ကိုင်​ကာ
သူ့လက်​ဆစ်​​တွေကို ကြည့်​သည်​ ။
သူ့မျက်​လုံး​တွေကို မီးနဲ့ထိုးကြည့်​သည်​ ။
"လက်​​တွေ​တောင်​ အ​ရောင်​ကျသွားပြီပဲ
မျက်​လုံး​တွေ​ရောပဲ
ဆေးပုံမှန်​​တော့​သောက်​"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Tahanan ng mga kuwento. Tumuklas ngayon